ရွှေနဲ့ငွေစျေးကွက်ကို ရင်းနှီးမြှုပ်နှံသူများ စုပြုံတိုးနေသဖြင့် စျေးနှုန်းများမြင့်တက်

ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးလာပြီး ရွှေ​နဲ့ငွေ စျေးကွက်ဘက်ကို ပိုမိုရင်းနှီးမြှပ်နှံလာတာကြောင့် ကမ္ဘာ့ရွှေစျေးနဲ့ ငွေ(Silver)မြင့်တက်လျက်ရှိကြောင်း သိရပါတယိ။ ငွေစျေးဆိုရင် ခုနှစ်နှစ်အတွင်း အမြင့်ဆုံးစျေးဖြစ်နေပြီး ရွှေစျေးကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်း၊ စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်း နဲ့ အတိုးနှုန်းပြောင်းလဲခြင်းများကြောင့် ရင်းနှီးမြှုပ်နှံသူများဟာ ရွှေနဲ့ငွေဘက်ကို စုပြုံရင်းနှီးမြှုပ်နှံနေကြပါတယ်။


ယခုတစ်ပတ်အတွင်း ဥရောပစီးပွားရေးလုပ်ငန်းတွေကို ကယ်ဆယ်ရေးအစီအစဥ်အရ အီးယူအဖွဲ့ဝင်တွေအားလုံး ငွေအလုံးအရင်းသုံးစွဲဖို့ စီစဥ်နေကြပါတယ်။ ငွေဟာဆိုရင်လည်း စက်မှုလုပ်ငန်းတွေ ပြန်လည် လည်ပတ်ရာမှာအရေးကြီး တာကြောင့် စုဆောင်းတဲ့သူများပါတယ်။ "အမေရိကန်စီးပွားရေးအနည်းငယ်ကျဆင်းမှုကြောင့် စတော့ထက် ရွှေနဲ့ငွေဘက်ကို ရင်းနှီးမြှုပ်နှံသူပိုများလာပါတယ်။ ဝယ်လိုအားနဲ့ရောင်းလိုအား မျှတမှုမရှိရင် စျေးတက်ပါတယ်"လို့ သြစတြေးလျရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်သူ ဗီဗစ်ဒါးစ်ကဆိုပါတယ်။ 


ငွေစျေးနှုန်းက ၂၀၁၃ ခုနှစ်ထက် 7.2 ရာခိုင်နှုန်းတက်လာပြီး 7.6 ထိတက်ဖို့ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရွှေစျေးကတော့ 1.3 ရာခိုင်နှုန်းတက်နေပြီး ၂၀၁၁ ကစံချိန်တင်မြင့်တက်ခဲ့တဲ့အနေအထားမျိုးရောက်ဖို့ နီးကပ်နေပြီလို့ သိရပါတယ်။  

Ref - Bloomberg

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။