ခြောက်ပေခွဲအကွာက ပြုတ်ကျရင် ခံနိုင်ရည်ရှိတဲ့ ဖုန်းမှန်သစ်

ကမ္ဘာကျော် ဖုန်းမှန်ကုမ္ပဏီ Corning က မျိုးဆက်သစ်ဖုန်းမှန် Gorilla Glass 7 (သို့) Victus ကို အသစ်မိတ်ဆက်လိုက်ပါတယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ Gorilla Glass Victus မှာ မှန်ရဲ့သိပ်သည်းဆပိုများလာပြီး ပြုတ်ကျတဲ့ဒဏ်ကိုလည်း ပိုမိုခံနိုင်ရည်ရှိလာပါတယ်။ 


စမ်းသပ်မှုအရ Victus မှန် ကိုခြောက်ပေခွဲအမြင့်က ပစ်ချရင် မကွဲဘူးလို့ သိရပါတယ်။ အစင်းဒဏ်နဲ့ ကျတဲ့ဒဏ်နှစ်မျိုးစုံစလုံးကို ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားတယ်လို့ Corning က ပြောပါတယ်။ Corning မဟုတ်တဲ့ ဖုန်းမှန်တွေက အမြင့်ပေ 0.8 မီတာက ကျတဲ့ဒဏ်သာခံနိုင်ပေမယ့် Corning Victus ကတော့ 1.6 မီတာအထိအာမခံတယ်လို့ပြောပါတယ်။ ဒါကြောင့် Corning Victus အသုံးပြုတဲ့ဖုန်းဟာ အခြားဖုန်းတွေထက် ၈၀ ရာခိုင်နှုန်း မာကျောမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ Victus မှာ ပြုတ်ကျတဲ့ဒဏ်အပြင် ခြစ်ရာ၊ စင်းရာတွေကို ခံနိုင်တယ်လို့ Corning ကပြောပါတယ်။ 


မှန်ဖိအားကိုလည်း အခြားဖုန်းမှန်တွေထက် ထက်ဝက်ကျော် ဖိအားခံနိုင်တယ်လို့ သိရပါတယ်။ Corning Gorilla Victus မှန်သစ်ကို Samsung ဖုန်းတွေမှာ ပထမဆုံးအသုံးပြုမှာဖြစ်ပြီး အခြားဖုန်းထုတ်လုပ်သူတွေကလည်း ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။

Ref - Verge

Photo - Corning

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။