နှမ်းဆီနံ့သင်းသင်းလေးနဲ့ ကိုရီးယားပဲကြာဇံကြော်နည်း

ကိုရီးယားကားတွေမှာ မြင်တွေ့နေရတဲ့ ပဲကြာဇံသုပ်၊ ပဲကြာဇံကြော်နည်းလေးတွေထဲက ဒီတစ်ခေါက်မှာ ပဲကြာဇံကြော်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

Photo Credit - seonkyoung longest

ကိုရီးယားပဲကြာဇံကြော်အတွက် ပါဝင်ပစ္စည်းတွေကတော့ - 

ပဲကြာဇံ - ၁ ပန်းကန်

မုန်လာဥနီ - ၁ လုံး

ကြက်သွန်နီ - ၁ လုံး

ကြက်သွန်ဖြူ - ၂ မွှာ

မှိုမဲလုံး - ၂ လုံး

ကြက်သွန်မြိတ် - ၁ ပင်

ဟင်းနုနွယ်ရွက် - ၁ ပန်းကန်

ကြွက်နားရွက်မှို - နှစ်သက်သလို

ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၂ ဇွန်း

သကြား - လက်ဖက်စားဇွန်း ၁ ဇွန်း

အရသာမှုန့် - အနည်းငယ်

နှမ်းဆီ - လက်ဖက်စားဇွန်း ၁ ဇွန်း

(နှစ်သက်ရာ အသားနဲ့ ပင်လယ်စာထည့်နိုင်ပါတယ်)

Photo credit - manngchi

ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး ပဲကြာဇံ၊ မှိုနဲ့ မှိုခြောက်၊ ဟင်းနုနွယ်ရွက်တို့ကို ရေနွေးဖျောကာဆယ်ထားပါ။

- ပြီးရင် ပဲကြာဇံကလွဲလို့ တခြား အဆာပလာတွေကို နှစ်သက်သလို လှီးဖြတ်ထားပါ။

Photo credit - japchae 

- မုန်လာဥနီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။

- ပန်းကန်လုံးတစ်ခုထဲမှာ ပဲငံပြာရည်အကြည်၊ သကြား၊ အရသာမှုန့်တို့ကို ရောမွှေထားပါ။

- ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပါ။

Photo credit - snackfever 

- ပြီးရင် မုန်လာဥနီ၊ မှို၊ မှိုခြောက်၊ ကြက်သွန်မြိတ်တို့ကို ထည့်ကြော်ပေးပါ။

- ရောမွှေထားတဲ့ အရသာအနှစ်တွေကိုထည့်ပြီး နှံ့အောင်မွှေကာကြော်ပေးပါ။ နှမ်းဆီထည့်ပါ။

Photo credit - WEVV

- နောက်ဆုံးမှာတော့ ပဲကြာဇံနဲ့ ဟင်းနုနွယ်ရွက်ထည့်ပြီး မိနစ်အနည်းငယ်ကြာကြော်ပြီးရင်တော့ နှမ်းဆီနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကိုရီးယား

ပဲကြာဇံကြော်လေး ရပြီဖြစ်ပါတယ်။ 

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။