Tiktok ဆော့တဲ့သူတွေကို ငွေပြန်ပေးဖို့ ဒေါ်လာ သန်း ၂၀၀ မတည်

နာမည်ကျော် Tiktok ကုမ္ပဏီက ဗီဒီယိုဖန်တီးသူတွေကို ငွေပြန်ပေးဖို့ ရန်ပုံငွေ ဒေါ်လာသန်း ၂၀၀ မတည်လိုက်တယ်လို့ သိရပါတယ်။ "ပထမစီစဥ်တုန်းကတော့ Live လွှင့်တဲ့သူတွေကိုပဲပေးဖို့ စီစဥ်ထားတာပါ၊ ခုတော့ သတ်မှတ်ချက်ပြည့်မှီတဲ့ ဗီဒီယိုဖန်တီးသူအားလုံးကို ငွေပေးဖို့စီစဥ်ထားပါတယ်"လို့ Tiktok ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။


ငွေပေးချေမှုတွေကို လာမယ့်နှစ်မှာ စတင်ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ ဗီဒီယိုဖန်တီးသူတွေကို ငွေပေးတဲ့အခါ ဘယ်လိုပုံစံ၊ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ပေးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဗီဒီယိုအတွက် ငွေရမယ့်သူဟာ အသက် ၁၈ နှစ်ပြည့်သူဖြစ်ပြီး ထိုက်သင့်တဲ့ Follower ရှိသူ ဖြစ်ရမယ်လို့ သိရပါတယ်။ Tiktok ရဲ့ ငွေပေးဝန်ဆောင်မှုကို အမေရိကန်မှာ ပထမဆုံးပြုလုပ်ပေးမှာဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေကို ဖြည်းဖြည်းချင်းဆီတိုးချဲ့သွားမယ်လို့ပြောပါတယ်။


Tiktok အနေနဲ့ အမေရိကန်စျေးကွက်မှာ တားမြစ်မခံရအောင် CEO ကိုအမေရိကန်နိုင်ငံသားခန့်ထားတဲ့အပြင် အမေရိကန်ဝန်ထမ်း ၁၀၀၀၀ ကျော်ကိုလည်း ခန့်ထားဖို့စီစဥ်နေပါတယ်။ ရုံးချုပ်ကို လော့အင်ဂျလိဂ်မှာ ဖွင့်ထားပြီး အမေရိကန် အစိုးရနဲ့ အဆင်ပြေဖို့ အစွမ်းကုန်လုပ်ဆောင်နေပါတယ်။

Ref - Verge

Photo - tiktok

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။