ချိုချဉ်စပ်မွှေး ဝက်ခေါက်ကြော်သုပ်

ဒီတစ်ခါမှာတော့ ဝက်သားကြိုက်တက်တဲ့ We ပရိတ်သတ်တွေအတွက် လျှာလည်သွားစေမယ့် ဝက်ခေါက်ကြော်သုပ်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အသုပ်လေးနဲ့မှာ ထမင်းစားမြိန်တဲ့ အစားတလိုင်းတို့တွေလည်း အိမ်မှာ တစ်ခါလောက် စမ်းလုပ်စားကြည့်ပါနော်...

ပါဝင်ပစ္စည်း 

Porky ဝက်ခေါက်ကြော် - ၁ ထုပ်

ခရမ်းချဉ်သီး - ၁ လုံး

ကြက်သွန်နီ - ၁ ခြမ်း

ငံပြာရည် - အနည်းငယ်

ပဲပင်ပေါက် - တစ်ပန်းကန်

မှို - ၂ လုံး

ငရုတ်သီးစိမ်း - နှစ်သက်သလို

ပူစီနံ - ၁ ပင်

သကြား - ၁ ဇွန်း (2 g)

သံပုရာသီး - ၁ စိပ်


ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဦးဆုံး အစာပလာတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မှို၊ ပူစီနံတို့ကို နှစ်သက်သလို လှီးထားပါ။

- ပန်းကန်တစ်လုံးထဲမှာ ငံပြာရည်၊ သကြား၊ ငရုတ်သီးစိမ်း၊ သံပုရာရည်တို့ကို ရောမွှေထားပါ။

- ပဲပင်ပေါက်ကို ရေနွေးဖျောကာ ဆယ်ထားပါ။

- ဇလုံတစ်လုံးထဲမှာ အသီးအရွက်တွေကို ထည့်ပါ။ ရောမွှေထားတဲ့ အရသာအရည်တွေကို လောင်းထည့်ပါ။

- Porky ဝက်ခေါက်ကြော်ထည့်ပြီး သမအောင်မွှေကာ အရသာသွင်းပါ။

- အားလုံးပြီးသွားရင်တော့ အရသာရှိပြီး ခံတွင်းမြိန်စေမယ့် ဝက်ခေါက်ကြော်သုပ်လေး ရပြီဖြစ်ပါတယ်။ 

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။