အီကွေဒေါကမ်းလွန်ပင်လယ်မှာ တရုတ်ငါးဖမ်းသင်္ဘော ရာနဲ့ချီငါးဖမ်း

အီကွေဒေါနိုင်ငံ ကမ်းလွန် ဂါလာပါကို့စ်ကျွန်းစုတွေနားမှာ တရုတ်ငါးဖမ်းသင်္ဘော ၂၆၀ အစုလိုက် ငါးဖမ်းနေတာတွေ့လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဝေဖန်ခဲ့ကြပါတယ်။ တရုတ်အလံလွှင့်တင်ထားတဲ့ ငါးဖမ်း သင်္ဘောအစင်း ၂၆၀ ဟာ အီကွေဒေါရေပိုင်နက်အနီး ငါးဖမ်းနေကြောင်း အီကွေဒေါရေတပ်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီလို အစုလိုက်အပြုံလိုက် ငါးဖမ်းမှုတွေဟာ အဏ္ဏဝါဂေဟစနစ်ကို အကြီးအကျယ်ပျက်စီးစေတယ်လို့ Blue Planet အဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။


အီကွေဒေါသမ္မတ လီနင်မိုရီနိုကလည်း ကမ်းလွန်ပင်လယ်ပြင် သယံဇာတတွေထိန်းသိမ်းဖို့နဲ့ အဏ္ဏဝါဂေဟစနစ်မပျက်စီးစေဖို့ ထိန်းသိမ်းသွားမယ်လို့ ပြောထားပါတယ်။ အီကွေဒေါရေတပ်ကတော့ ငါးဖမ်းသင်္ဘော ၂၆၀ ကို ရေပိုင်နက်ရဲ့ မိုင် ၂၀၀ အကွာအဝေးမှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ လွတ်လပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း Blue Planet ကတော့ တရုတ်ငါးဖမ်းသင်္ဘောတွေရဲ့ အစုလိုက်အပြုံလိုက် ငါးဖမ်းမှုတွေဟာ ပင်လယ်ပြင် ဂေဟစနစ်ကို ဖျက်စီးသလိုဖြစ်နေပါတယ်။ ရေအောက်သယံဇာတဆိုတာ အကန့်အသတ်ရှိပါတယ်။ မြောက်ကိုရီးယားပင်လယ်ပြင်မှာ ငါးဖမ်းတုန်းကလည်း တစ်ခါသတိပေးပြီးပါပြီလို့ ပြောခဲ့ပါတယ်။ 

Ref - Vietnam News 

Photo - AFP

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။