
ကိုရီးယားရုပ်ရှင်သစ် “The Box” မှာ ပထမဆုံးအကြိမ်အဖြစ်ခေါင်းဆောင်ပါဝင်မယ့် EXO’s Chanyeol
နာမည်ကျော် kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO က ပရိသတ်အချစ်တော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ Chanyeol ဟာ အခုဆိုရင် တောင်ကိုရီးယား ရုပ်ရှင်လောကထဲကို စတင်ခြေလှမ်းလာပြီ ဖြစ်ပါတယ်။ သူ့ကို ကိုရီးယားရုပ်ရှင် ဇာတ်လမ်းတစ်မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ကြရ တော့မှာပါ။
Image Credit: Pinterest
ဇူလိုင် ၃၀ ရက်နေ့မှာ SM Entertainment က Chanyeol အနေနဲ့ “The Box” ရုပ်ရှင်သစ်မှာ ပါဝင် သရုပ်ဆောင်မယ့်အကြောင်း တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ “Chanyeol က The Box ရုပ်ရှင်မှာ ပါဝင်ဖို့ဆုံးဖြတ်လိုက်ပါပြီ” လို့လည်း ဖော်ပြထားပါတယ်။
Image Credit: Pinterest
Jukebox musical ရုပ်ရှင်မျိုးဖြစ်တဲ့ “The Box” ဟာ ဂီတလောကအတွင်းက အဆိုတော်တစ်ဦးနဲ့ တေးထုတ်လုပ်သူတစ်ဦးအကြောင်းကို ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Yang Jung Woong ဖြစ်ပါတယ်။
Image Credit: Pinterest
Chanyeol ဟာ အဲဒီရုပ်ရှင်မှာ အဆိုတော်နေရာက ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါ့ပြင် သူဟာ ရုပ်ရှင်ထဲ မှာပါဝင်မယ့် သီချင်းတွေကိုလည်း ပါဝင်သီဆိုသွားမှာပါ။ “The Box” ဟာ Chanyeol လို အဆိုတော်တစ်ဦး အတွက်တော့ တကယ်ကိုလိုက်ဖက်မယ့် ရုပ်ရှင်မျိုးလို့ ဆိုနိုင်ပါတယ်။
Image Credit: Pinterest
Chanyeol ဟာ အရင်က တရုတ်ရုပ်ရှင်ဇာတ်လမ်း “So I Married My Anti-Fan” မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူး ပေမဲ့ ကိုရီးယားရုပ်ရှင်တွေထဲမှာတော့ မပါဝင်ခဲ့ဖူးပါဘူး။ “The Box” က သူ့အတွက်တော့ ပထဆုံးရိုက်ကူးတဲ့ တောင်ကိုရီးယားရုပ်ရှင်ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်သစ်ကို လာမယ့် သြဂုတ်လလယ်နောက်ပိုင်းမှာ စတင်ရိုက်ကူး မယ်လို့ သိရပါတယ်။
Image Credit: Pinterest
Chanyeol ကို အဆိုပိုင်းတင်မက ရုပ်ရှင်သစ်ကိုပါ ထပ်ကြည့်ရတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့ပရိသတ်တွေအတွက်တော့ ပျော်စရာ သတင်းကောင်းတစ်ခုပါပဲ။
Katie Scarlett
We Media
Source: Soompi
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။