ဘန်ကောက်မှာ သောင်းကျန်းနေတဲ့ ဖိနပ်သူခိုးတွေ ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သောင်းကျန်းနေတဲ့ ဖိနပ်ခိုးသမား နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တိုက်ခန်းတွေမှာ ဖိနပ်လိုက်ခိုးနေတဲ့ ဖိနပ်သူခိုးတစ်ယောက်ကို CCTV မှတ်တမ်းကတစ်ဆင့် ခြေရာခံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။


ဘန်ကောက် တိုက်ခန်းတွေမှာ ဖိနပ်ပျောက်တာတွေ များပြားနေတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဖိနပ်ခိုးသူတွေ တည်ရှိတဲ့နေရာကို ဝင်ရောက်စီးနင်းရာ ဖိနပ် ၇၄ ရံနဲ့ တရားခံနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံတွေရဲ့ပြောပြချက်အရ ခိုးယူရရှိတဲ့ ဖိနပ်တွေကို အင်တာနက်ပေါ်မှာ တစ်ရံကို ဘတ် ၃၀၀ ကနေ ဘတ် ၅၀၀ ကြား ပြန်လည်ရောင်းချတယ်လို့သိရပါတယ်။  


Ref - Thai Fellow News

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။