ကိုဗစ်ကူးမှာစိုးရိမ်ပြီး ငွေတွေကို အဝတ်လျှော်စက်ထဲထည့်လျှော်သူ

ကိုဗစ်ပိုးက ပိုက်ဆံကနေကူးတယ်ဆိုလို့ ပိုက်ဆံတွေကို ရေနဲ့ဆေးတဲ့သူတွေရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံက အန်ဆန်မြို့သားတစ်ယောက်ဟာ အလုပ်ကရတဲ့ ငွေ ဝမ် ၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၄၂) ကို ကိုဗစ်ကူးမှာစိုးရိမ်ပြီး အဝတ်လျှော်စက်ထဲထည့် လျော်ရာကတစ်ဆင့် ပျက်စီးခဲ့ရပါတယ်။ ကိုရီးယားဘဏ်ဥပဒေအရ ငွေစက္ကူစုတ်ပြဲသွားရင် အသစ်ပြန်လဲပေးရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ ငွေအတွက် ကိုရီးယားဘဏ်ကိုသွားပြီး အသစ်နဲ့သွားလဲခဲ့ပါတယ်။  ဘဏ်က ပျက်စီးသွားတဲ့ ငွေစက္ကူအတွက် ဝမ် ၂၃ သန်း ( ဒေါ်လာ ၁၄၀၀၀) အသစ်ပြန်လဲပေးခဲ့ရပါတယ်။


"ငွေစက္ကူတွေလည်း သုံးမရလောက်အောင် ပျက်စီးသွားပါပြီ။ နံပါတ်တွေလည်း မပေါ်တော့ပါဘူး။ ရေတွက်ဖို့လည်း အခက်အခဲရှိပါတယ်။ ဒါကြောင့် မှန်းဆပြီး လျော်ပေးလိုက်ပါတယ်"လို့ ဘဏ်မှတာဝန်ရှိသူ ဆိုဂျီဝန်းကပြောပါတယ်။ နောက်ပိုင်း ရေတွက်မရရင် ဘဏ်သတ်မှတ်ချက်အတိုင်းပဲလျော်တော့မယ်လို့ ဘဏ်ကပြောပါတယ်။  လွန်ခဲ့တဲ့တစ်ပတ်ကျော်ကလည်း ပိုက်ဆံတွေကို မိုက်ခရိုဝေ့ထဲထည့်ပြီး ပိုးသတ်လို့ ပျက်စီးတာတွေ ရှိခဲ့ဖူးတယ်လို့ ၄င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားဗဟိုဘဏ်ကတော့ ငွေစက္ကူတွေကို ရေနဲ့ဆေးတာတွေ၊ မိုက်ခရိုဝေ့ထဲထည့်တာတွေ မလုပ်ဖို့ ပန်ကြားထားပါတယ်။ 

Ref - KBS

Photo - KBS

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။