ပတ္တရားမှာ အမြင်ဆန်းတဲ့ ဆင်ကော်ဖီဆိုင်သစ် ဖွင့်လှစ်

ထိုင်းနိုင်ငံ ပတ္တရားခရိုင် နွန်ပရီမြို့က ဆင်ဥယျာဥ်မှာ ဆင်တွေလေ့လာပြီး သောက်လို့ရတဲ့ ဆင်ကော်ဖီဆိုင်သစ်ဖွင့်လှစ်ခဲ့ပါတယ်။ အိုင်ဒီယာဆန်းဆန်းနဲ့ ဖွင့်ထားတဲ့ ဆိုင်သစ်ကို ပတ္တရားပြည်သူတွေ အထူးစိတ်ဝင်စားပြီး လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။


ထိုင်းနာမည် မွန်ချန် (ဆင်တွေ ကြည့်မယ်) အမည်ရတဲ့ ဆင်ကော်ဖီဆိုင်ကို သြဂုတ်လ ၂ ရက်နေ့ကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဆိုင်ဖွင့်ပွဲကို ပတ္တရားမြို့တော်ဝန်နဲ့ ပတ္တရားဆင် စခန်းက မန်နေဂျာတွေတက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပတ္တရားဆင်စခန်းမန်နေဂျာ ပူရင်ပတ်က "ကိုဗစ်ကြောင့် ဆင်စခန်းပိတ်ထားရတာ ငါးလလောက်ရှိပါပြီ။ ငါးလအတွင်း ဆိုင်ပြင်ဆင်ပြီး ခုမှပြန်ဖွင့်ခဲ့တာပါ။ တိရစ္ဆာန်ချစ်သူတွေ ဥယျာဥ်ထဲလည်ပတ်ရင်း ကော်ဖီသောက်လို့ရအောင် ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ"လို့ ပြောခဲ့ပါတယ်။ 


၄င်းက "ကော်ဖီဆိုင်က ရတဲ့ဝင်ငွေအားလုံးကို ဆင်တွေအတွက် ရိက္ခာနဲ့ ဝန်ထမ်းလစာအတွက် ပြန်လည်အသုံးပြုသွားမှာပါ၊ ပြည်တွင်း၊ ပြည်ပက ခရီးသွားတွေကိုပါ စွဲဆောင်နိုင်ဖို့ ကြိုးစားသွားမှာပါ"လို့ ပြောခဲ့ပါတယ်။ 




Ref - Pattaya News

Photo - Pattaya News

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။