တရုတ်စစ်ဘက်ဆိုင်ရာကားထုတ်လုပ်ရေးကုမ္ပဏီကို ဝေဖန်သူတစ်ဦးထိန်းသိမ်းခံရ

တရုတ်စစ်တပ်သုံး ဒေါင်ဖန်းကားတွေကြောင့် အိန္ဒိယနယ်စပ်မှာ တရုတ်စစ်သားတွေ သေဆုံးခဲ့ရတယ်လို့ တရုတ်လူမှုကွန်ယက်မှာ သတင်းဖြန့်ဝေသူကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရှိရပါတယ်။ ဒေါင်ဖန်းကုမ္ပဏီဟာ တရုတ်စစ်တပ်သုံးမော်တော်ယာဥ်တွေ ထုတ်လုပ်ပေးတဲ့ကုမ္ပဏီဖြစ်ပြီး ယခုတရားစွဲဆိုမှုကို တရားဝင်တိုင်တန်းခဲ့သူဖြစ်ပါတယ်။ နာမည်ပြောင် ဇု လို့အမည်ပေးထားတဲ့ အမည်မသိလူတစ်ဦးဟာ we chat ကွန်ယက်မှာ ဒေါင်ဖန်းစစ်ကားတွေကြောင့် နယ်စပ်မှာတရုတ်စစ်သားတွေ သေဆုံးခဲ့တယ်လို့ တနင်္ဂ​နွေနေ့မှာ ကောလာဟလဖြန့်ဝေခဲ့ပါတယ်။


ဒါကြောင့် ဒေါင်ဖန်းကုမ္ပဏီက တနင်္လာနေ့မှာ စုံစမ်းပေးဖို့ တရားလိုပြုလုပ်ပြီး ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ ဇုက ရဲစခန်းမှာ ဒေါင်ဖန်းကုမ္ပဏီကို ပြန်လည် တောင်းပန်ခဲ့ပြီး ခံဝန်ကတိပြုခဲ့တယ်လို့ သိရပါတယ်။ ဇုရဲ့ တောင်းပန်စာကို ဒေါင်ဖန်းကုမ္ပဏီက လူမှုကွန်ယက်မှာ ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။ ဒါ့အပြင် စစ်ဘက်သုံးကားတွေကို ပုံမှန်အတိုင်း ထုတ်လုပ်နေကြောင်း၊ အရည်အသွေးပြည့်မီကြောင်း ပြောကြားခဲ့ပါတယ်။ ဒေါင်ဖန်းကုမ္ပဏီဟာ တရုတ်စစ်ဘက်ကားထုတ်လုပ်သူတွေထဲမှာ နံပါတ် ၁ ကုမ္ပဏီဖြစ်ကြောင်း ကြွေးကြော်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Ref - Global Times

Photo - Global Times


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။