အသားဟင်းမလိုတဲ့ ပဲပြားချိုချဉ်ကြော်

အသားငါးတွေ ရိုးလာတဲ့ We ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ ပဲပြားလေးကို အရသာရှိအောင် ကြော်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုပြောပြပေးမယ့် ပဲပြားကြော်လေးက အသီးအရွက်လေးတွေနဲ့မို့ အသားဟင်းမပါလည်း တစ်မျိုးထဲနဲ့ ထမင်းမြိန်စေမှာပါ...

Photo Credit - forbiedden rice

ပါဝင်ပစ္စည်း 

ပဲပြား - ၂ တုံး

ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း

သကြား - လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ

ငရုတ်သီးဆောစ် - ထမင်းစားဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးဆောစ် - ထမင်းစားဇွန်း ၁ ဇွန်း

အရသာမှုန့် - အနည်းငယ်

ကြက်သွန်နီ - ၁ လုံး

ကြက်သွန်ဖြူ - ၂ မွှာ

(နှစ်သက်ရာ အသီးအနှံထည့်နိုင်ပါတယ်)

Photo Credit - pinterest

ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး ပဲပြားတွေကို အတုံးလေးတွေတုံးပြီး ဆီပူထိုးထားပါ။

- အသီးအရွက်တွေကို ရေဆေးပြီး လှီးဖြတ်ထားပါ။


Photo Credit - my quied kitchen

- ကြက်သွန်နီကို ၄စိပ်ခြမ်းထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။

- ခွက်တစ်လုံးထဲမှာ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ သကြား၊ ငရုတ်သီးဆောစ်၊ ခရမ်းချဉ်သီးဆောစ်၊ အရသာမှုန့်တို့ကို ရောပြီး အရသာစပ်ထားပါ။

Photo Credit - freepik

- ဒယ်အိုးတစ်လုံးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်ကာ ဆီသတ်ပေးပါ။

- ပြီးသွားရင်တော့ ဆေးကြောလှီးဖြတ်ထားတဲ့ အသီးအရွက်တွေကိုထည့်လိုက်ပါ။

Photo credit - pinterest

- အရသာအစပ်ထားတဲ့ အရည်တွေထည့်ပြီး သမအောင်မွှေပါ။

- နောက်ဆုံးမှာတော့ ဆီပူထိုးထားတဲ့ ပဲပြားကြော်လေးထည့်ပြီး မိနစ်အနည်းငယ်ထပ်ကြော်ကာ သုံးဆောင်နိုင်ပါပြီ။ 

Psyche (We Media)

Ref; Pailin's Kitchen Youtube

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။