စမတ်ဖုန်းဝယ်ရင် စဥ်းစားရမယ့် အချက်များ

စမတ်ဖုန်းသစ်တွေက နေ့စဥ်ထွက်ရှိလို့နေပါတယ်။ စမတ်ဖုန်းတွေကို ဖုန်းခေါ်ဆိုတာနဲ့ စာပို့တာအပြင် အခြားကိစ္စရပ်တွေမှာလည်း အသုံးပြုမှုများလာပါတယ်။ စျေးကွက်ထဲမှာ ဖုန်းတွေများနေလို့ ရွေးရခက်လာပါတယ်။ ကိုယ့်ရဲ့ဘတ်ဂျက်ပေါ်မူတည်ပြီး ဘယ်လိုဖုန်းမျိုးရွေးသင့်တယ်ဆိုတာကို အနည်းငယ်အကြံပေးချင်ပါတယ်။ 

အရေးအကြီးဆုံးက ကိုယ့်အတွက်ဘယ်လို ဖုန်းအမျိုးအစားမျိုး လိုအပ်တယ်ဆိုတဲ့ မေးခွန်းပါ။ စမတ်ဖုန်းဆိုတာ တကယ်တမ်းသုံးနိုင်ရင် အိပ်ဆောင်ကွန်ပျူတာ တစ်လုံးလောက်အထိသုံးလို့ရပါတယ်။ ဖုန်းပြောရုံ၊ စာပို့ရုံလောက်ကတော့ တန်ဖိုးကြီးဖုန်းမျိုးမလိုအပ်ပါဘူး။ ဂိမ်းကစားတဲ့သူတွေအတွက်ကတော့ စွမ်းဆောင်ရည်မြင့်တဲ့ဖုန်းမျိုး လိုကောင်းလိုပါလိမ့်မယ်။ အင်တာနက်အတွက်လား၊ ဂိမ်းဆော့ဖို့လား၊ ဓာတ်ပုံဗီဒီယိုအတွက်လား အရင်ဆုံးကွဲကွဲပြားပြားသိဖို့လိုပါတယ်။ 


(၁) Operating စနစ်

ဖုန်းမှာ Andriod နဲ့ iOS ဆိုပြီးစနစ်နှစ်မျိုးရှိပါတယ်။ ကိုယ့်နဲ့ကိုက်ညီတဲ့ စနစ်မျိုးကို ရွေးချယ်လို့ရပါတယ်။ Samsung, Xiaomi, Vivo, Oppo, Realme စတဲ့ Brand တွေကြိုက်ရင် Andriod သုံးရပါမယ်။ iPhone ကြိုက်ရင်တော့ iOS သုံးတတ်ရပါမယ်။ Andriod နဲ့ iOS မှာလည်း Version တွေအများကြီးရှိပါတယ်။ ကိုယ်ဝယ်မယ့်ဖုန်းက ဘယ်လို Version မျိုးပါတယ်ဆိုတာကို သိဖို့လိုပါတယ်။ Andriod Version နိမ့်တဲ့ဖုန်းတွေ မဝယ်မိဖို့ လိုပါတယ်။ 

(၂) ဒီဇိုင်း

စမတ်ဖုန်းရဲ့ဒီဇိုင်းကလည်း အထောက်အလျောက် အရေးပါပါတယ်။ တချို့က စွမ်းဆောင်ရည်ထက်ဒီဇိုင်းပိုင်းကို ဦးစားပေးကြပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေကလည်း ဒီဇိုင်းပိုင်းကို ဦးစားပေးလာတာတွေ့ရပါတယ်။ ကိုယ့်ကြိုက်တဲ့ဒီဇိုင်း၊ အရောင်မျိုးရဖို့ စနစ်တကျရွေးချယ်ဖို့ လိုပါတယ်။ သတ္တုကိုယ်ထည်လား၊ ပလက်စတစ်လား၊ ပါဝါနဲ့အသံအတိုးအကျယ်၊ ဘောင်နဲ့ ခလုတ်တွေကို ကြည့်သင့်ပါတယ်။ 


(၃) အရွယ်အစား

OS Version တွေမြင့်လာတာနဲ့အမျှ Screen အရွယ်အစားတွေလည်း ကြီးလာပါတယ်။ ခုဆိုရင် ပျမ်းမျှ Screen အရွယ်အစားက 5.5",5.7" အရွယ်အစားရှိပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုရုံလောက်ကတော့ Screen ဆိုက်ဒ်အကြီးမလိုအပ်ပါဘူး။ ကိုယ့်ရဲ့လက်အနေအထားနဲ့ ဖုန်းကိုင်တွယ်မှုစမ်းကြည့်ပါတယ်။ လက်တစ်ဖက်တည်းနဲ့ သုံးနိုင်မှုရှိမရှိ စမ်းသပ်ကြည့်ပါ။ အရင်တုန်းကတော့ Display ဆိုရင် LCD နံ့ AMOLED နှစ်မျိုးရှိပါတယ်။ AMOLED ကအရောင်စိုပါတယ်။ LCD က ဘက်ထရီစားသက်သာပါတယ်။ နောက်ပိုင်းမှာတော့ Full HD, Full HD+ နဲ့ QHD အမျိုးအစားတွေထွက်လာပါတယ်။ Display နည်းပညာကွာခြားမှုလည်း ကျဥ်းမြောင်းလာပါတယ်။ 

(၅) Processor နဲ့ RAM

စမတ်ဖုန်းဝယ်ယူရာမှာ မရှိမဖြစ်စဥ်းစားရမယ့် အရာတွေဖြစ်ပါတယ်။ Software Update တွေနဲ့  ဂိမ်းအသစ်တွေကြောင့် Hardware လိုအပ်ချက် များလာပါတယ်။ Qualcomm, Mediatek နဲ့ Kirim အမျိုးအစားတွေရှိပါတယ်။ RAM နဲ့ Processor မြင့်လေကောင်းလေပါ။ RAM တွေကတော့ Software လိုအပ်ချက်အရ အနည်းဆုံး 4Gb ရှိဖို့လိုပါတယ်။ 


(၆) Internal Storage

ဖုန်းအတွင်း သိုလှောင်မှုစနစ်က ပိုအရေးပါလာပါတယ်။ Software Update, Facebook နဲ့ ဂိမ်းတွေရဲ့ လိုအပ်မှုကလည်း များပြားလာပါတယ်။ Internal Storage အပြင် SD Card တိုးလို့ ရမလည်း စစ်ဖို့လိုပါတယ်။ ပုံမှန်အားဖြင့် 64 gb ဆို သုံးလို့ရပါတယ်။ လိုအပ်ရင် cloud မှာလည်း သိမ်းလို့ရပါတယ်။ ဂိမ်းသမားတွေအတွက်ကတော့ 128 gb လောက်လိုအပ်ပါတယ်။ 

(၇)ဘက်ထရီ

ဘက်ထရီကလည်း ခုချိန်မှာအရေးပါလာပြီ။ ဖုန်းအသုံးပြုမှုများလေ ဘက်ထရီလိုအပ်ချက်များလေ ဖြစ်ပါတယ်။ ဘက်ထရီနည်းပေမယ့် အားသွင်းမြန်စနစ်ပါတဲ့ ဖုန်းတွေကိုလည်း ထည့်သွင်းစဥ်းစားလို့ရပါတယ်။ ပုံမှန်ဘက်ထရီအရွယ်အစားက 4000 mAh ဖြစ်ပါတယ်။ နောက်ပိုင်းဖုန်းတွေမှာ 4500 mAh ပါလာတာတွေ့ရပါတယ်။ တောက်ပတဲ့ Screen နဲ့ ဂိမ်းအတွက်ကတော့ ဘက်ထရီများဖို့လိုပါတယ်။ 


(၈) ကင်မရာ

စမတ်ဖုန်းထုတ်လုပ်သူအားလုံးနီးပါး ကင်မရာဘက်ကို ဦးစားပေးလာကြပါပြီ။ ဓာတ်ပုံ Megapixels, mode, focus ကင်မရာတစ်လုံးနီးပါး ထည့်သွင်းလာကြပါတယ်။ စမတ်ဖုန်းဝယ်တဲ့အခါ ကင်မရာတွေရဲ့ ပုံထွက်အခြေအနေကို စမ်းသုံးကြည့်ဖို့လိုပါတယ်။ 

(၉) စျေးနှုန်း

အရေးအကြီးက စျေးနှုန်းနဲ့ စွမ်းဆောင်ရည်ကိုက်ညီဖို့လိုပါတယ်။ တချို့ဖုန်းတွေက Brand ဦးစားပေးလို့ စျေးပိုတတ်ပါတယ်။ တချို့ဖုန်းတွေက မားကက်တင်းစရိတ်လျော့ချထားလို့ စျေးသက်သာပါတယ်။ စျေးကြီးတာထက် ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ ဖုန်းကိုပဲ ဦးစားပေးရွေးချယ်စေချင်ပါတယ်။ 

Ref - CNET

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။