ရောဂါဆိုးတွေကို ပျောက်စေမယ့် သလဲသီးရဲ့အစွမ်း

သလဲသီးကတော့ မိန်းကလေးတွေစားသင့်တဲ့ အသီးတစ်မျိုးပါဘဲ။ သလဲသီးက အေးချမ်းတဲ့နေရာမှာ သီးတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။
သလဲသီးမှာက Fiber,protein, vitamin c, vitamin k, folate, potassium ဓာတ်တွေပါဝင်နေတာကြောင့် စားကိုစားသင့်တဲ့ အသီးတစ်မျိုးပါဘဲနာ်။


သလဲသီး က ဘယ်လိုရောဂါတွေကို ပျောက်စေလည်းဆိုတော့ ကင်ဆာနဲ့ပတ်သက်တဲ့ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ အမျိုးသားတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဆီးကြိတ်ကင်ဆာ စတဲ့ရောဂါဆိုးတွေကို သက်သာပျောက်ကင်းစေသလို၊အယ်လ်ဇိုလ်မိုင်းမား တို့လိုဦးနှောက်နဲ့သက်ဆိုင်တဲ့ ရောဂါဆိုးတွေကိုမဖြစ်အောင်ကြိုတင်ကာကွယ်ပေးပါတယ်။

သလဲသီးမှာ အင်တီအောက်ဆီးဒင့် ဓာတ်တွေ များစွာပါဝင်နေလို့ ဆေးလိပ်အငွေ့ကဲ့သို့သော ပတ်ဝန်းကျင်မှ ထွက်တဲ့ အဆိပ်အတောက်တွေကို ဖျက်စီးပေးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဖျက်စီးနိုင်တဲ့အစွမ်းသတ္တိတွေ ရှိနေတာကြောင့် ကင်ဆာရောဂါဆိုးကြီး အတွက်ကတော့ စိတ်ပူစရာမလိုပါဘူး။ သလဲသီးက မကောင်းတဲ့ကိုလက်ထရော ဖြစ်တဲ့ LDLကိုလည်း လျော့ပါးစေတယ်လို့ အခြားသောလေ့လာချက်တွေမှာလည်း တွေ့ရှိပါတယ်။ သလဲသီးက ခန္ဓာကိုယ်အတွင်းမှာ ဆိုးကျိုးပေးမယ့် အဆီတွေကိုလည်းခြေဖျက်ပေးနိုင်စွမ်းရှိ

ပြောရရင် နှလုံးအဆီဖုံးတာတွေ၊ သွေးတိုးရောဂါရှိတဲ့ သူတွေအတွက် အရမ်းကိုသင့်တော်တဲ့ အသီးတစ်မျိုးပါပဲ။ ဒါ့အပြင် သလဲသီးက အရိုးအဆစ်နာတာတွေကို လည်းသက်သာစေပါတယ်။ ဒီတော့ လေးဘက်နာရောဂါရှိတဲ့ သူတွေအတွက်လည်း စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ကိုယ့်အိမ်မှာ ကျောင်းတက်နေနေရတဲ့ ကျောင်းသူကျောင်းသားတွေရှိရင်လည်း သလဲသီးကိုနေ့စဉ်ပုံမှန်ကျွေးသင့်ပါတယ်။ ဘာလို့လည်းဆိုတော့ သလဲသီးက မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးတဲ့ အသီးအမျိုးအစားထဲမှာလည်း ပါဝင်နေလို့ပါပဲ။