ရေကြီးနေတဲ့ကြားက ခင်ပွန်းရဲ့ Gundam အရုပ်တွေကို စွန့်စားယူဆောင်ပေးခဲ့တဲ့ အာဂအမျိုးသမီး

ရေကြီးတာတို့ မီးလောင်တာတို့လို အရေးပေါ်ကိစ္စတွေကြုံလာပြီဆိုရင် လူတော်တော်များများက မိသားစုအမွေ အနှစ်ပစ္စည်းတွေ ဒါမှမဟုတ် အမှတ်တရဓာတ်ပုံနဲ့ ပစ္စည်းတွေကို အပါသယ်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ၊ Chongqing နယ်၊ Yudong က အမျိုးသမီးတစ်ဦး ကတော့ ရေကြီးနေတဲ့ကြားမှာ သူ့ခင်ပွန်းဖြစ်သူ ရဲ့ Gundam MS အရုပ်တွေကို သက်စွန့်ဆံဖျားယူဆောင်လာခဲ့ပါတယ်။


Image Credit: Weibo

အဆိုပါအမျိုးသမီးဟာ သူမတို့အိမ်ရဲ့ပြတင်းပေါက်ကို ချိုးဖျက်ပြီး အဲဒီအရုပ်တွေကို စွန့်စွန့်စားစားရယူခဲ့တာ ဖြစ်ပါတယ်။ သူမတို့ နေထိုင်ရာဒုတိယထပ်တိုက်ခန်းထဲကို ရအောင်ဝင်ပြီး ခင်ပွန်းဖြစ်သူစုဆောင်းထားသမျှ Gundam အရုပ်ဗူးတွေအားလုံးကို ခင်ပွန်းရှိရာဆီ အသက်ကယ်လှေလေးကိုစီးပြီး ယူဆောင်လာခဲ့တာပါ။ တကယ့်ကိုအာဂအမျိုးသမီးပါပဲ။


Image Credit: Weibo

သူမရဲ့ခင်ပွန်းသည်ကတော့ ရေမကူးတတ်တာကြောင့် အဲဒီအရုပ်တွေကိုမယူလာနိုင်ဘဲ လက်လျှော့ခဲ့ရတာပါ။ ဒါပေမဲ့ ရေကောင်းကောင်းကူးတတ်တဲ့ အမျိုးသမီးကတော့ အရုပ်တွေကျန်ခဲ့မှန်းသိတဲ့အခါ အသက်လှေနဲ့ အခုလိုစွန့်စားပြီး သွားရောက်ယူဆောင်ခဲ့ပါ တယ်။ အသက်ကယ်လှေတစ်စီးကိုစီးပြီး အရုပ်တွေနဲ့အတူ သူမ ရောက်လာချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့ သူမတို့ရဲ့ခွေးလေးက ဝိုင်းဝန်းဆီးကြို ကူညီခဲ့ကြပါတယ်။


Image Credit: Weibo

ခင်ပွန်းဖြစ်သူတင်မကဘဲ သူမကိုယ်တိုင်ကလည်း Gundam MS ရဲ့ fan တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီးက အရုပ်တွေယူဆောင်လာတဲ့ ဗီဒီယိုကို တရုတ် microblogging website တစ်ခုဖြစ်တဲ့ Weibo မှာ တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာလည်း ရေပန်းစားသွားခဲ့ပါတယ်။


Image Credit: Weibo

ပြီးခဲ့တဲ့ဇွန်လကတည်းက တရုတ်နိုင်ငံတောင်ပိုင်းမှာ ရေကြီးတဲ့ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး ၁၉၈၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးရေကြီးမှုလည်း ဖြစ်ပါတယ်။ အဲဒီရေဘေးဒဏ်ကို လူပေါင်း ၆၃ သန်း ကျော် ခံစားခဲ့ရပြီး အိုးအိမ်ဆုံးရှုံးမှုတွေနဲ့ လူအသေအပျောက်လည်း ရှိခဲ့ပါတယ်။


Image Credit: Weibo

Katie Scarlett
We Media

Source: Unilad

Original Link: https://www.unilad.co.uk/life/woman-breaks-windows-to-rescue-husbands-action-figure-collection-from-flood/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။