အစားကိုဟန်ပြစားပြီး ပြန်ထွေးထုတ်တယ်လို့ စွပ်စွဲခံနေရတဲ့ ကိုရီးယား food blogger

“Eat with Boki” အစီအစဉ်က တောင်ကိုရီးယားသူ Mukbang YouTuber တစ်ဦးဖြစ်တဲ့ Moon Bok Hee ဟာ အစားအစာတွေကိုဝါးရုံဝါးပြပြီး အများကိုပြသတဲ့ဗီဒီယိုနောက်ကွယ်မှာ ပြန်ထွေးထုတ်တယ်လို့ လတ်တလော စွပ်စွဲခံနေရပါတယ်။ အခုဆိုရင် အစားအစာတွေစားပြထားတဲ့ သူမရဲ့ဗီဒီယိုတွေအောက်မှာ အားနည်းချက်တွေကိုထောက်ပြထားတဲ့ negative မှတ်ချက်ပေးသူတွေလည်း များပြားလာခဲ့ပါတယ်။


Image Credit: Koreaboo

Mukbang ဟာ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၀ လောက်ကတည်းက ခေတ်စားလာခဲ့တဲ့ အစားအသောက် စားပြတဲ့ အစီစဉ်မျိုးဖြစ်ပါတယ်။ ကမ္ဘာမှာလည်း အဲဒီအစားအသောက်တွေကို အားပါးတရ ဒါမှမဟုတ် ထူးထူး ဆန်းဆန်းတွေပြုလုပ်ပြီး စားပြတဲ့ အစီစဉ်တွေဟာ အခုချိန်အထိ ခေတ်စားပြီး လူကြိုက်များနေဆဲဖြစ်ပါတယ်။


Image Credit: Pinterest

Moon Bok Hee ဟာ အစားအသောက်တွေကို ပါးစပ်ထဲထည့်ကာ ဟန်ပြသဘောဝါးပြပြီး နောက်ကွယ်မှာ ပြန်ထွေးထုတ်ကာ ဗီဒီယိုကို edit ပြန်လုပ်ထားတယ်လို့ ဗီဒီယိုကြည့်ရှုသူတွေက စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါကလည်း သူမရဲ့ဗီဒီယိုမှာပါဝင်နေတဲ့ ရှေ့နောက်သိပ်မညီလှတဲ့ ပြကွက်တွေကို ထောက်ပြပြီးစွပ်စွဲနေကြတာပါ။


Image Credit: Koreaboo

Moon Bok Hee ရဲ့ဗီဒီယိုတွေထဲမှာ သူမဟာလက်နဲ့အမှတ်အသားတစ်ခု ပြုလုပ်ထားပြီး အဲဒီအမှတ်အသား ပြပြီးတာနဲ့ အဲဒီအခန်းကို ဖြတ်လိုက်တယ်လို့ ဝေဖန်သူတချို့က စွပ်စွဲထားကြတာဖြစ်ပါတယ်။ ဗီဒီယိုတိုင်းမှာ အဲဒီလိုပုံစံမျိုးကို ထပ်တလဲလဲတွေ့မြင်ကြရတာကြောင့်လည်း ကြည့်ရှုသူတချို့က အခုလိုသံသယဝင်ခဲ့ကြတာ လို့လည်း ဆိုနိုင်ပါတယ်။



Image Credit: Koreaboo

ဝေဖန်သူတွေက သူမရဲ့ edit လုပ်ထားတဲ့ဗီဒီယိုတွေကို အနှေးပြကွက်တွေနဲ့ သေချာကြည့်ရှုပြီး အခုလို သုံးသပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ သူမရဲ့ အစားအသောက်ဗီဒီယိုတွေကို ကြည့်ရှုသူအတော်များများက အမြင်ချင်းတူညီစွာ စွပ်စွဲနေကြပေမဲ့လည်း သူမဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။


Image Credit: Koreaboo


Katie Scarlet
We Media

Source: Koreaboo, 9gag

Original Link: https://www.koreaboo.com/news/mukbang-youtuber-moon-boki-eat-boki-suspicions-spitting-food-after-chewing-editing/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။