ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းအဖြစ် ထရန့်ကို ရွေးချယ်

အမေရိကန် ရီပတ်ပလီကန် ပါတီရဲ့ တစ်နိုင်ငံလုံး ဆိုင်ရာ ပါတီညီလာခံကို တနင်္လာနေ့က စတင်ကျင်းပခဲ့ပြီး လက်ရှိသမ္မတဒေါ်နယ်ထရန့်ကို ဒုတိယ လေးနှစ် သမ္မတသက်တမ်းအတွက် ပါတီ ကိုယ်စားပြု ရွေးကောက်ခံဖို့ ထပ်မံ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။


“နိုင်ငံ့သမိုင်းမှာ အရေးအကြီးဆုံး ရွေးကောက်ပွဲ” ဖြစ်ကြောင်း သမ္မတထရန့်က ပါတီ ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။ ရီပတ်ပလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ သမ္မတထရန့် အနေနဲ့ လေးရက် ဆက်တိုက် ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုက်တန်ကို စကားစစ်ထိုးဖို့လည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီ နိုင်ငံလုံး ဆိုင်ရာ ညီလာခံကတော့ ကိုရိုနာ ကပ်ဘေးကြောင့် လူစုလူဝေးလုပ်တာကို ရှောင်ရှားပြီး ပါတီသမ္မတလောင်း ရွေးချယ်မှုကို အွန်လိုင်းကနေ ကျင်းပခဲ့ကြတာပါ။ ပါတီညီလာခံ နောက်ဆုံးညမှာတော့ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ သမ္မတထရန့်က ပါတီ သမ္မတလောင်း အဖြစ် လက်ခံတဲ့ မိန့်ခွန်း ပြောဖို့ စီစဉ်ထားပါတယ်။


ရီပတ်ပလီကန် ပါတီကတော့ တမျိုးတဖုံ စီစဉ်ထားပါတယ်။ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ချာလော့ခ်မြို့က ညီလာခံမှာ သမ္မတ ထရန့် တက်ရောက်ပါတယ်။ အင်္ဂါနေ့ ကနေ ကြာသပတေးနေ့ အထိ ကတော့ အခမ်းအနား အများစုကို မြို့တော် ဝါရှင်တန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Ref - CNN

Photo - CNN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။