ကိုဗစ်ကာလအတွင်း စင်္ကာပူမှာ စက်ဘီးစီးသူပိုများလာ

စင်္ကာပူနိုင်ငံမှာ ကိုဗစ်ကာလအတွင်း စက်ဘီးစီးသူပိုများလာပြီး စက်ဘီးကုမ္ပဏီတွေ ရောင်းအားတက်လာကြောင်း သတင်းရရှိပါတယ်။ စက်ဘီးကုမ္ပဏီ Anywheel က ဧပြီလနောက်ပိုင်း စင်္ကာပူမှာ စက်ဘီးစီးသူအရေအတွက်တိုးလာတယ်လို့ပြောခဲ့ပါတယ်။ 


လအလိုက်နှိုင်းယှဥ်ရင် ဖေဖော်ဝါရီလမှာ ၂၀ ရာခိုင်နှုန်း၊ မတ်လမှာ ၂၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဇူလိုင်လမှာတော့ ၆၈ ရာခိုင်နှုန်းတိုးလာတယ်လို့ Anywheel ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇွန်နဲ့ဇူလိုင်လတွေမှာ စက်ဘီးဝယ်လိုအား ၃၉ ရာခိုင်နှုန်းတိုးလာတယ်လို့ ၄င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ "ကိုဗစ်ကာလအတွင်း Social Distancing စနစ်နဲ့ကာကွယ်ရတာ ဖြစ်လို့ ကားတွေထက် စက်ဘီးကိုလူကြိုက်များလာပါတယ်။ ပစ္စည်းပို့တဲ့သူတွေကလည်း စက်ဘီးကို ပိုသုံးလာကြတယ်။  အများပြည်သူသယ်ယူပို့ဆောင်ရေး ပုံစံတွေ ပြောင်းလာတာကြောင့် စက်ဘီးစီးတဲ့သူ တိုးလာတာပါ" လို့ စက်ဘီးအရောင်းမန်နေဂျာတစ်ယောက်ကပြောပါတယ်။ 


စင်္ကာပူနိုင်ငံသားတွေကလည်း လူထူထပ်တဲ့ မီးရထားရုံတွေကို ​ရှောင်ရှားလာပြီး ခရီးတိုတွေကို စက်ဘီးနဲ့သာ သွားလာနေကြပါတယ်။ စင်္ကာပူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (LTA) ကလည်း Anywheel ကို စက်ဘီး ၁၅၀၀၀ ရောင်းချခွင့် ခွင့်ပြုထားပါတယ်။ စက်ဘီးစီးခြင်းဟာ Social Distancing စနစ်ကို ဖော်ဆောင်နိုင်တဲ့အပြင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ ပညာရှင်တွေက ပြောကြားထားပါတယ်။ 

Ref - CNA

Photo - CNA

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။