ယနေ့ည ပိုးတွေ့လူနာ ၃၀ ထဲက အရေးကြီးတဲ့လူနာ သုံးဦး

သြဂုတ်လ ၂၅ ရက်မှာ ကိုဗစ်ပိုးတွေ့လူနာ စံချိန်တင်တွေ့ရှိခဲ့ပါတယ်။ မြို့အလိုက်တွေ့ရှိမှုအရ စစ်တွေ ၁၁ ​ယောက်၊ ​ကျောက်ဖြူ ၃ ​ယောက်၊ ​ပေါက်တော ၁၂ ​ယောက်၊ ရန်ကုန်တိုင်း မရမ်းကုန်း ၁ ​ယောက်၊ တောင်ကြီး ၁ ​ယောက်

​​မော်လမြိုင် ၁ ​ယောက်၊ ချင်းပြည်နယ် ဟားခါး ၁ ​ယောက် (နိုင်ငံခြားပြန်)၊ ​ စုစု​ပေါင်း ၃၀ ​ယောက် တွေ့ရှိခဲ့ပါတယ်။ 

ကူးစက်ခံရသူ အယောက် ၃၀ ထဲမှာ ရန်ကုန်မှာ Quarantine ဝင်နေတဲ့သူ ၄ ဦးပါဝင်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ အခြေအနေကတော့ ပိုပြီးစိုးရိမ်စရာရှိလာပါတယ်။ စစ်တွေအပြင် ကျောက်ဖြူ၊ မြောက်ဦး၊ သံတွဲ၊ ပေါက်တောမြို့တွေပါ ကူးစက်နေတာ သတိထားသင့်ပါတယ်။  

အဓိကသုံးယောက်

C-477 

Case-477 ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က အဖျားရောဂါရှိလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာပြရင်းကနေ ရောဂါပိုးတွေ့ရှိခဲ့သူဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိသူနဲ့ မထိတွေ့ဖူးသလို ပြည်တွင်းပြည်ပခရီးသွားရာဇဝင်လည်း မရှိပါဘူး။ Unlink Case လို့ပြောရင်ရပါတယ်။ ရှမ်းပြည်မှာ ဆေးရုံစောင့် ဖြစ်ခဲ့ဖူးတဲ့အတွက် အထူးသတိထားဖို့လိုပါတယ်။ ရန်ကုန်အတွက် သတိထား စောင့်ကြည့်သင့်တဲ့ လူနာဖြစ်ပါတယ်။

C-478

Case-478 ဟာ စစ်တွေကနေ ရန်ကုန်ကို ပြန်လာရင်း ရောဂါပိုးတွေ့ရှိခဲ့သူဖြစ်ပါတယ်။ အကယ်ဒမီယာဥ်လိုင်းနဲ့ပြန်လာသူဖြစ်ပြီး Q ဝင်နေတုန်းတွေ့လို့ ကံကောင်းပါတယ်။ ဒါပေမယ့် ၂၁ ရက်နေ့က ပြန်လာတဲ့ ကားပေါ်ကလူတွေရဲ့အခြေအနေကို သတိထားစောင့်ကြည့်ဖို့လိုပါတယ်။ 

C-482

Case-482 ဟာ စစ်တွေကနေ မော်လမြိုင်ကို ပြန်ရင်း ရောဝါပိုးတွေ့ရှိခဲ့သူဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက် အနည်းငယ်စိုးရိမ်ရပါတယ်။ 

ခြုံငုံသုံးသပ်ချက်ရပြောရရင် ဒီညတွေ့ထဲ လူနာတွေထဲက Case 477,478,482 သုံးဦးစလုံး အရေးကြီးပါတယ်။ အထူးသဖြင့် တောင်ကြီးက ရန်ကုန်ကိုလာတဲ့ လူနာအမှတ် C-477 အရေးကြီးဆုံးပါ။ တိတ်တဆိတ်ရောဂါပိုးသယ်ဆောင်လာသူတွေများလာတာကြောင့် Contact Tracing လိုက်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်က ပြန်လာသူအားလုံး သက်ဆိုင်ရာကို အမြန်ဆုံး သတင်းပို့ဖို့လိုပါပြီ။ 



Ref - MOHS


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။