ဘယ်တော့မှမရိုးတဲ့ ဆိတ်သားအာလူးနှပ်

နှစ်တွေဘယ်လောက်ကြာကြာ မရိုးတဲ့ ဟင်းလျာတွေထဲမှာ ဆိတ်သားအာလူးနှပ်ကလည်း တစ်ခုအပါအဝင်ပါပဲနော်။ ထမင်းမြိန်စရာ ဟင်းလျာတစ်ခုလည်းဖြစ်တာကြောင့် ဆိတ်သားအာလူးနှပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - archana's kitchen

ပါဝင်ပစ္စည်း

ဆိတ်သား - ၃၀ ကျပ်သား

အာလူး - ၅ လုံး

ရှာလကာရည် - ထမင်းစားဇွန်း ၃ ဇွန်း

ကြက်သွန်နီ - ၂ လုံး

ကြက်သွန်ဖြူ - ၃ မွှာ

ချင်း - ၂ ပြား

နနွင်းမှုန့် - အနည်းငယ်

ဆား - အနည်းငယ်

အရသာမှုန့် - အနည်းငယ်

ငရုတ်သီးအစိမ်းမှုန့် - ထမင်းစားဇွန်းဝက်

မာဆလာ - လက်ဖက်စားဇွန်း ၂ ဇွန်း

ကရဝေးရွက် - ၂ ရွက်

ဆီသတ်ရွက် - ၅ ရွက်

Photo Credit - freepik 

ပြုလုပ်နည်းအဆင့်ဆင့် 

- အရင်ဦးဆုံး ဆိတ်သားကို ရေစင်အောင်ဆေးကာ အတုံးလေးတွေ တုံးထားပါ။

- ဆိတ်သားတုံးလေးတွေကို အညှီနံ့ပျောက်အောင် ရှာလကာရည်နဲ့ ဆေးပေးရပါမယ်။

Photo Credit - spicy world

- ရှာလကာရည်နဲ့ ဆေးထားတဲ့ ဆိတ်သားတွေကို အရသာဝင်အောင်လို့ ဆား၊ နနွင်း၊ အရသာမှုန့်တို့ထည့်ကာ နှပ်ထားပေးပါ။

- ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းကို ထောင်းထားပါ။ အာလူးကို အခွံခွာလှီးပြီး ဆားရည်စိမ်ထားပေးပါ။

Photo Credit - original flava 

- ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးမှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ။

- ဆီသတ်နေစဉ်အတွင်း ကရဝေးရွက်နဲ့ ဆီသတ်ရွက်ပါ ထည့်ပေးပါ။

Photo Credit - pinterest

- ပြီးရင်တော့ ဆိတ်သားလေးတွေကိုထည့်ပြီးနှပ်ပါ။ ဆိတ်သားတွေ နူးအိစေဖို့အတွက် ရေထည့်ကာ ချက်ပေးပါ။ အာလူးတွေထည့်ပါ။

- နောက်ဆုံးမှာတော့ မာဆလာထည့်ကာ နှပ်ထားပေးပါ။ ဆီပြန် (သို့) ဆီကျန်ရေကျန် မိမိနှစ်သက်ရာ အနေအထားရရင်တော့ အိုးကချကာ သုံးဆောင်နိုင်ပါပြီ။

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။