ကိုဗစ် 2.0 (D614G) က ကူးစက်မြန်ပြီး ကြောက်ဖို့ကောင်းပါသလား

D614G ဆိုတာ SARS-CoV-2 ရဲ့မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်ဖြစ်ပါတယ်။ D614 ထက် ဆယ်ဆပိုမြန်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အတိအကျပြောရရင် အမိုင်နိုအက်ဆစ်ပါတဲ့ 614 ဗိုင်းရပ်စ်ဟာ D (aspartic acid) ကနေ G (glycine) ပြောင်းလဲတဲ့ပုံစံမျိုးဖြစ်ပါတယ်။ မျိုးရိုးဗီဇ စတင်ပြောင်းလဲခဲ့တဲ့ အချိန်ကတော့ ဖေဖော်ဝါရီ ၂၂ ရက် ဖြစ်ပါတယ်။

 

D614G က ပိုပြီး ကူးစက်နိုင်သလား

ဇူလိုင်လတုန်းက ဗြိတိန်နိုင်ငံက ပညာရှင်တွေဟာ ကိုဗစ်ကူးစက်ခံရသူ ၉၉၉ ဆီက ဗိုင်းရပ်စ်နမူနာတွေရယူပြီး စမ်းသပ်ကြည့်တဲ့အခါ မျိုးရိုးဗီဇပြောင်းထားတဲ့ D614G ဗိုင်းရပ်စ်ပိုးတွေ တွေ့ခဲ့ရပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မှာရှိတဲ့ WHO ကိုယ်စားလှယ်အဖွဲ့ကလည်း ဗိုင်းရပ်စ်ပိုးသစ်ဟာ ဝူဟန်မှာစတွေ့ခဲ့တဲ့ ပိုးထက် ဆယ်ဆပိုမြန်တယ်လို့ အတည်ပြုခဲ့ပါတယ်။ 


D614G က ကြောက်ဖို့ကောင်းလား

သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ D614G ဟာ D614 ထက်ကူးစက်နှုန်းမြန်ပေမယ့် သေဆုံးနှုန်းနည်းပါးတာကိုတွေ့ရပါတယ်။ တချို့နိုင်ငံတွေမှာ D614 နဲ့ D614G ဆက်စပ်မှုမရှိတာမျိုးတွေလည်း တွေ့ရပါတယ်။ 614G မှာပါဝင်လာတဲ့ သေစေနိုင်တဲ့ ဆဲလ်အင်အားနည်းပါးနေတာတွေ့ရတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ခြုံငုံပြောရရင် သေဆုံးဖို့အထိ ဖြစ်နိုင်ခြေနည်းပါတယ်။ 

D614 တုန်းက သက်ကြီးရွယ်အိုတွေအများဆုံး ကူးစက်ခဲ့ပေမယ့် 614G မှာ လူလတ်ပိုင်းနဲ့ လူငယ်တွေ များလာတာတွေ့ရပါတယ်။ ကူးစက်မြန် G614 ဟာ ထိန်းချုပ်ဖို့ခက်ခဲတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 


ကာကွယ်ဆေးတွေ အခြေအနေဘယ်လိုရှိမလဲ

မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးထုတ်ရခက်ခဲပါတယ်။ ကမ်းဘရိတ်တက္ကသိုလ်ဆေးသိပ္ပံပညာရှင်အဖွဲ့ကတော့ လက်ရှိဖော်စပ်နေတဲ့ဆေးတွေဟာ G614 အတွက် ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။ လာမယ့်သုံးလအတွင်း ဆေးအသစ်ပေါ်ထွက်ဖို့ မလွယ်ဘူးလို့ လည်း ပြောပါတယ်။ 

D614G ဗီဇပြောင်းလဲခြင်းဟာ ဗိုင်းရပ်စ်ပရိုတိန်းတွင်ဖြစ်သော်လည်း ၎င်းဟာပရိုတင်းရဲ့ အစွန်အဖျားရှိ receptor-binding domain (RBD) ကိုမပြောင်းလဲပါ ။  RBD ဟာ လူ့ဆဲလ်တွေရဲ့ ACE2 receptor နဲ့ဆက်သွယ်နေပြီး ကိုယ်ခံအားစနစ်ကို အဓိကပစ်မှတ်ထားပါတယ်။  အနှစ်သာရအားဖြင့် D614G ပြောင်းလဲမှုဟာ ပရိုတင်းပြောင်းလဲမှုဖြစ်တဲ့အပြင် အရေးပါသော RBD immunogenic အစိတ်အပိုင်းကိုပြောင်းလဲမှုလည်း ဖြစ်ပါတယ်။ 

ခြုံငုံသုံးသပ်ချက်

လောလောဆယ် တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ အခြေအနေက D614G ဗီဇပြောင်းလဲမှု အစီအစဥ်နဲ့ တိုက်ဆိုင်နေပါတယ်။ ဗိုင်းရပ်စ်ဗီဇပြောင်းလဲ သွားပေမယ့် ကုသမှုပုံစံက ပြောင်းလဲလို့မရသေးပါဘူး။ ကာကွယ်နိုင်မယ့်ဆေးတွေလည်း ထုတ်လို့မရသေးပါဘူး။ သေစေနိုင်တဲ့ ဗိုင်းရပ်စ် အဆင့်က တစ်ဆင့်လျော့သွားတာ ကံကောင်းတယ်လို့ဆိုရမှာပါ။

Ref - Medium ဆေးသိပ္ပံဌာန ဆေးသိပ္ပံပညာရှင် ရှင်ဂျီယန်း၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဖော်ပြပေးလိုက်ပါသည်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။