Black Panther ကြယ်ပွင့် Chadwick Boseman ကင်ဆာရောဂါဖြင့် ကွယ်လွန်

အသက် ၄၃ နှစ်အရွယ် Black Panther ကြယ်ပွင့် Chadwick Boseman အူမကြီးကင်ဆာကြောင့် ကွယ်လွန်သွားပြီလို့ ၄င်းရဲ့မိသားစုဝင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။ အမေရိကန်သရုပ်ဆောင် Chadwick Boseman ဟာ ကင်ဆာရောဂါကို ၂၀၁၆ ကတည်းက ခံစားနေရသူဖြစ်ပြီး ကင်ဆာအဆင့် ၄ မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။


မိသားစုကြေညာချက်မှာတော့ Chadwick Boseman သေဆုံးတာကို ဝမ်းနည်းစွာနဲ့ အတည်ပြုတဲ့အကြောင်း၊ Chadwick Boseman အနေနဲ့ ၂၀၁၆ ကတည်းက ကင်ဆာအဆင့် ၃ ကို ခံစားခဲ့ရပြီး ကင်ဆာအဆင့် ၄ မှာ သေဆုံးတာဖြစ်ကြောင်း၊ Black Panther မှာ ပါဝင်ခွင့်ရတဲ့ အတွက် ဂုဏ်ယူကြောင်း၊ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။


Chadwick Boseman ကို ၁၉၇၇ ခုနှစ် ကယ်ရိုလိုင်းနား ပြည်နယ်တောင်ပိုင်းမှာ မွေးဖွားခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ All My Children စီးရီးမှာ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့ 42, Get on up,Marshall ဇာတ်ကားတွေကိုရိုက်ကူးခဲ့ပြီး နာမည်ကျော်ခဲ့တဲ့ Black Panther ကိုတော့ ၂၀၁၈ မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါအပြင် Avengers နောက်ဆုံး ဇာတ်ကား သုံးကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref - IMDB

Photo - IMDB


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။