လျှာလည်သွားစေမယ့် အမဲသားငရုတ်ပွကြော်မွှေး

ဒီတစ်ခေါက်မှာတော့ အိမ်ရှင်မတွေအတွက် အိမ်သားတွေလုံးဝအကြိုက်တွေ့သွားမယ့် အမဲသားငရုတ်ပွကြော်မွှေးဟင်းလျာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Photo Credit - kitchen (Mis)

ပါဝင်ပစ္စည်းတွေကတော့ - 

အမဲသား - ၃၀ ကျပ်သား

ငရုတ်ပွသီး - ၃ လုံး (နှစ်သက်ရာအရောင်)

ကြက်သွန်နီ - ၁ လုံး

ငရုတ်ကောင်းမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း

ဆား - အနည်းငယ်

နနွင်းမှုန့် - အနည်းငယ်

နှမ်းဆီ - လက်ဖက်စားဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၂ ဇွန်း 

ပြောင်းကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း 

Photo Credit - school of wok 

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဦးဆုံး အမဲသားကို အပြားလေးတွ လှီးပြီး ပဲငံပြာရည်အကြည်၊ ပြောင်းကော်မှုန့် (ထမင်းစားဇွန်းဝက်)၊ ဆားတို့နဲ့အတူ နယ်ကာ နှပ်ထားပေးပါ။

- ငရုတ်ပွသီးကို အမြှောင်းလေးတွေလှီးပြီး ကြက်သွန်နီကို ခပ်ကြီးကြီးလှီးထားပါ။

Photo Credit - cookpad.com 

- ပန်းကန်လုံးတစ်လုံးထဲမှာ နှမ်းဆီ၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်၊ အရသာမှုန့်၊ ပြောင်းကော်မှုန့်ကျန်တာထည့်ပြီး မွှေထားပါ။

- ဒယ်အိုးထဲမှာ ဆီဆူလာရင်တော့ နှပ်ထားတဲ့ဝက်သားတွေထည့်ပြီး အိုးကပ်ကြော်ပါ။

Photo Credit - asian kitchen

- ပြီးရင်တော့ ကြက်သွန်နီနဲ့ ငရုတ်ပွသီးတွေထည့်ကြော်ပေးပါ။

- ရောမွှေထားတဲ့ အရသာအနှစ်တွေထည့်ပါ။ မိနစ်အနည်းငယ်ကြာ ထပ်ကြော်ပြီးသွားရင်တော့ အရသာရှိတဲ့ အမဲသားငရုတ်ပွကြော်မွှေးလေးရပါပြီ။

Psyche (We Media)

Ref; HAPPY WOK's youtube 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။