၂၀၂၁ ခုနှစ် ပြည်ပတင်သွင်းမော်တော်ယာဉ် သတ်မှတ်ချက်ထုတ်ပြန်

၂၀၂၁ ခုနှစ်အတွက် ပြည်ပက တင်သွင်းလာတဲ့ မော်တော်ယာဉ် ထုတ်လုပ်ခုနှစ် သတ်မှတ်ချက် ကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်တီက သြဂုတ်လ ၂၇ ရက် က ထုတ်ပြန်လိုက်ပါတယ်။



သတ်မှတ်ချက်တွေအရ လူစီးမော်တော်ယာဉ်တွေအနေနဲ့ ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်း၊ လုပ်ငန်းသုံးယာဉ် (ကုန်တင်ယာဉ်၊ ခရီသည်တင်ယာဉ်) တွေကအနဲ့ ၂၀၁၇ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်း ထုတ်လုပ်တဲ့ ဘယ်မောင်းမော်တော် ယာဉ်တွေကို တင်သွင်းရမှာဖြစ်ပါတယ်။

မီးသတ်ယာဉ်၊ လူနာတင်ယာဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရဌာနအဖွဲ့အစည်း တွေကို လှူဒါန်းတဲ့ယာဉ်တွေဆိုရင် ၂၀၀၇ခုနှစ် မော်ဒယ်အထိ ဘယ်မောင်း၊ ညာမောင်းပါ လက်ခံဆောင်ရွက်ပေးသွားမှာပါတယ်။ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်နဲ့ ယန္တရားတွေကတော့ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်း ထုတ်လုပ်တဲ့ ယာဉ်တွေကို တင်သွင်းရမှာဖြစ်ပါတယ်။ 

Ref - မော်တော်ယာဥ်တင်သွင်းရေးကော်မတီ

Photo - Flickr

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။