ကြက်သားပေါက်ပန်းဖြူအရည်သောက်စမ်း

ဆီပြန်ဟင်းတွေချက်စားရတာ ရိုးလာသူတွေအတွက် ထမင်းလေးနဲ့ ခလောက်စားလို့ အရမ်းကောင်းတဲ့ ဟင်းလျာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြက်သားပေါက်ပန်းဖြူအရည်သောက်စမ်းလေးက အခုလို မိုးရာသီးလေးမှာလည်း အချမ်းပြေသောက်သုံးနိုင်တာမို့ အိမ်ရှင်မတွေ အိမ်သားတွေအတွက် ချက်ကျွေးသင့်ပါတယ်နော်...

Photo Credit - mangchi

ပါဝင်ပစ္စည်း

ကြက်သား - ၃၀ ကျပ်သား

ပေါက်ပန်းဖြူ - ၁ စည်း (သို့) ၂ စည်း

ကြက်သွန်နီ - ၂ လုံး

ကြက်သွန်ဖြူ - ၃ မွှာ

ချင်း - ၂ ပြား

အရသာမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် - လက်ဖက်စားဇွန်းဝက်

ဆား - အနည်းငယ် 

Photo Credit - pinterest 

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဦးဆုံး ကြက်သားကို ရေစင်အောင်ဆေးပြီး အတုံးလေးတွေ တုံးထားပါ။

- ပေါက်ပန်းဖြူကို အရွက်သင်ပြီး ရေဆေးထားပါ။

- ကြက်သွန်နီကို ခပ်ကြီးကြီးလှီးထားပါ။ ကြက်သွန်ဖြူနဲ့ ချင်းကို ဓါးပြားရိုက်ထားပါ။

Photo Credit - freepik 

- ဒယ်အိုးထဲမှာ ဆီအနည်းငယ်သာထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူနဲ့ ချင်းကို ဆီသတ်ပါ။

- ပြီးရင်တော့ ကြက်သွန်နီတွေထည့်ပေးပါ။ ပြီးရင် ကြက်သားထည့်ပြီး (၇)မိနစ်ခန့် ကြော်ပေးပါ။

- ပြီးရင်တော့ ရေနှစ်သက်သလိုထည့်ပြီး နူးအောင် အဖုံးအုပ်ထားပါ။

- ကြက်သားတွေနူးခါစပြုလာပြီဆိုရင်တော့ ပေါက်ပန်းဖြူရွက်လေးတွေထည့်ပါ။

Photo Credit - freepik 

- အရသာမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆားတို့ထည့်ပြီး အပေ့ါအငန်မြည်းကြည့်ပါ။

- မိနစ်အနည်းငယ် တည်ပြီးသွားရင်တော့ အရသာရှိတဲ့ ပူပူနွေးနွေး ကြက်သားပေါက်ပန်းဖြူသောက်စမ်းလေးကို ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ သုံးဆောင်နိုင်ပါပြီ။ 

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။