နှာ​ခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူရင် နာလား

အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်ယူရင်သေအောင်နာမယ်ဆိုတာမဟုတ်ပါ။ နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်တွေယူဖို့လိုသူတွေကို သေအောင် နာမယ်ဆိုပြီး ကြောက်လန့်အောင်ပြောထားတာတွေရှိတော့ အကြောက်လွန်နေကြပါတယ်။ လူတွေမှာလည်း ငါတို့တော့ ဒီအချောင်းကြီး နှာခေါင်းတဆုံးထိုးခံရ၊ ဒုက္ခအမျိုးမျိုး ခံရတော့မှာပဲဆိုတဲ့စိတ်နဲ့ အော်ဟစ်၊ ကြောက်လန့် တာမျိုးတွေ ရှိပါမယ်။ တချို့ဆို ငိုယိုကြတယ်။ အဲတော့ အဲ့လိုအလုပ်မခံရအောင် Q မဝင်ရဲတော့ပါဘူး။ Q ဝင်ရမှာကြောက်လာရင် ​ရှောင်ပုန်းတာ တွေ ရှိလာနိုင်ပါတယ်။ အဲဒါဆိုရင် ပြည်သူတွေ ဒုက္ခရောက်နိုင်ပါတယ်။


တို့ဖတ်ယူတဲ့ဝန်ထမ်းတွေလည်း ဒုက္ခများပါတယ်။ ဘယ်လိုပဲ မနာပါဘူးပြောပေမယ့် တို့ဖတ်တံကိုင်လိုက်တာနဲ့ သံသယလူနာက ကြောက်နေပါပြီ။ ကြောက်တော့ ရုန်းတယ်။ တို့ဖတ်ယူ ဝန်ထမ်းတွေကို လက်နဲ့ပုတ်ထုတ်တယ်။တွန်းလွှတ်တယ်။ PPE ဝတ်စုံထဲကနေ ချွေးတရွှဲရွှဲ စောင့်နေရတဲ့ တို့ဖတ်ယူဝန်ထမ်းတွေအတွက်အတော်ကိုစိတ်ညစ်စရာပါ။ သေချာမသိဘဲ ထင်ရာပြောကြတော့ နှစ်ဖက်လုံးဒုက္ခများကုန်ကြပါတယ်။


တို့ဖတ်ယူတာ လွယ်ကူတဲ့လုပ်ငန်းစဥ်ပါ ခါးလေးကို မတ်ပြီး ထိုင်လိုက်ပါ။ ခေါင်းလေးကို မော့ထားလိုက်ပြီး၊ ပါးစပ်ကို ဟပေးလိုက်ရင် ခဏနဲ့ အာခေါင်တို့ဖတ် ပြီးပါတယ်။လုံးဝ မနာပါ။ ယူပြီးတာတောင်သိလိုက်မှာမဟုတ်ပါ။ အာခေါင်လို မသိလိုက်ဘာသာ ပြီးသွားတာ မဟုတ်ပေမယ့် နှာခေါင်းတို့ဖတ်ယူတာ မနာပါဘူး။ မျက်ရည်ကျတယ်ဆိုတာ နှာခေါင်းထဲ တို့ဖတ်တံထည့်တဲ့အခါနှာခေါင်းအဆုံးနဲ့ တို့ဖတ်တံထိရင် မျက်ရည်ထွက်တာပါပဲ။ နာတဲ့ခံစားချက် မပါပါ။ ယားကျိကျိတော့ ဖြစ်မှာပါ။ နည်းနည်းလေးပါပဲ။ ခဏပါပဲ။

ဒါကြောင့် နှာခေါင်းတို့ဖတ် (Nasal Swab Test) ကို ကြောက်ရွံ့ဖို့ မလိုဘူးလို့ တင်ပြလိုက်ပါတယ်။

Ref - Special Nurse.Shu Maung

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။