ဟယ်ရီပေါ်တာစာအုပ်အားလုံးဖတ်ဖူးတယ်လို့ ဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စာပေချစ်သူတစ်ဦးအဖြစ်လည်း လူသိများပါတယ်။ သူမ ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲမှာ ထူးထူးခြားခြားအနေနဲ့ နာမည်ကျော်စာရေးဆရာမ J.K Rowling ရဲ့ Harry Potter စာအုပ်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။


Image Credit: Myanmar State Counsellor office

အဲဒီအကြောင်းကို ၂၀၁၃ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံးနိုင်ငံတကာစာပေပွဲတော် (International Literary Festival) မှာ ထုတ်ဖော်ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။ “ကျွန်မ ဟယ်ရီပေါ်တာ စာအုပ်အားလုံး ဖတ်ပြီးပါပြီ” လို့ သူမကရယ်မောပြောဆိုခဲ့တာပါ။


Image Credit: Pinterest

ဒါ့ပြင်သူမက အဲဒီကလေးတွေလုပ်ခဲ့ကြတဲ့ အရာတွေအာလုံးကို လုပ်နိုင်တဲ့သတ္တိမျိုး သူမမှာအလုံအလောက် ရှိရဲ့လားဆိုတာကို မသိဘူးလို့လည်း ဆိုခဲ့ပါသေးတယ်။ “ကျွန်မသတ္တိရှိတဲ့အကြောင်း လူတွေပြောကြတဲ့အခါ ‘သူတို့ဟယ်ရီပေါ်တာအကြောင်းမသိကြလို့ပါ’ လို့ ကျွန်မဘာသာတွေး မိတယ်” လို့လည်း သူမက ဆိုပါတယ်။


Image Credit: Myanmar State Counsellor office

သူမဟာ စုံထောက်ဝတ္ထုဇာတ်လမ်းတွေကို ကြိုက်သူပါ။ သူမအကြိုက်စာရေးဆရာတွေထဲမှာ အင်္ဂလိပ် ကဗျာ ဆရာမနဲ့ စာရေးဆရာမ George Eliot နဲ့  ပြင်သစ်ကဗျာဆရာနဲ့ စာရေးဆရာကြီး Victor Hugo တို့လည်း ပါဝင်ပါတယ်။

Katie Scarlett
We Media

Source: Daily Mail, NDTV, ibtimes

Original Link: https://www.ndtv.com/world-news/suu-kyi-enchanted-by-harry-potter-books-512181?fbclid=IwAR3k7Zsi4wGaLV1rykUR0P7LecnblsKt1Cy50UWGkVIQ19WhZ13mEHEb-r0




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။