မြောက်ဒဂုံ Capital မှ ဝန်ထမ်းတစ်ဦး ထပ်မံဖျားနာသဖြင့် ဆေးရုံပို့

အတည်ပြုလူနာ (၁၀၂၄) လုပ်ကိုင်ခဲ့သည့် မြောက်ဒဂုံ Capital Supermarket မှ နောက်ထပ် ဝန်ထမ်းတဦးသည် ဖျားနာနေသည့်အတွက် ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။


လက်ရှိတွင် မြောက်ဒဂုံမြို့နယ် Capital Supermarket ကို အသွားအလာ ကန့်သတ်ထားပြီး COVID-19 အတည်ပြုလူနာ (၁၀၂၄) နေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်လိုင်းခန်းနှင့် လမ်းအား Lockdown ပြုလုပ်ထားကြောင်း သိရသည်။


သြဂုတ်လအတွင်း မြောက်ဒဂုံcapitalကိုသွားရောက်ထားသူများ မိမိအသိစိတ်ဖြင့် သတင်းပေးပို့ကျန်းမာရေးစစ်ဆေးမှုခံယူကြရန်နှင့် လိုက်နာမှုမရှိပါက CCTV Recordများကြည့်ရှုပြီး ထိရောက်စွာအရေးယူသွားမည်ဟုထုတ်ပြန်ထားသည်။

တကျော့ပြန်ကိုဗစ်ကြောင့် လက်ရှိအချိန် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၇) ခုကို နေအိမ်အတွင်းနေထိုင်ကြရန် အစိုးရမှထုတ်ပြန်ထားသည်။

Photo - Ye Myo Khant / MPA 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။