Tom Holland ခေါ်လိုက်တဲ့ Challenge အပေါ် Ryan Reynolds ရဲ့တုံ့ပြန်ချက်

ကိုဗစ်ကာလ quarantine ဝင်နေတုန်း နာမည်ကျော်ဆယ်လီတွေ ဘာလုပ်နေကြမယ်ထင်ပါသလဲ။ အရမ်းဆော့တတ်တဲ့ Spidy လေး Tom Holland တို့ကတော့ လတ်တလောမှာ challenge တစ်ခုလုပ်နေပါတယ်။ အမြဲတမ်း trend နောက်လိုက်နေတတ်တာ သူ့ထုံးစံပါပဲ။


Image Credit: Instagram

အခုသူလိုက်လုပ်နေတဲ့ Challenge ကတော့ ခန္ဓာကိုယ်ကို သန်မာမှု၊ ဟန်ချက်ညီမျှမှုနဲ့ ကျောရိုးကြံ့ခိုင်မှုကို စမ်းသပ်တဲ့သဘောပါပဲ။ အပေါ်ပိုင်းကို အင်္ကျီချွတ်ထားပြီး လက်နှစ်ဘက်ကို ကြမ်းပြင်မှာထောက်ကာ ခြေထောက်ကို ကင်းမြီးကောက်ထောင်ကာ နံရံမှာကပ်ထားရတာ ဖြစ်ပါတယ်။ အဲဒီအနေအထားနဲ့ ချွတ်ထားတဲ့ အင်္ကျီကိုဝတ်ဆင်ပြရတာပါ။ အဲဒါကို “Impossible Challenge” လို့ အလွယ်ခေါ်ကြပါတယ်။


Image Credit: Instagram

Tom Holland တစ်ယောက်ကတော့ သူကိုယ်တိုင် အဲဒီ challenge ကိုလုပ်ပြီး Instagram မှာ ဗီဒီယိုတင်ရုံ မကပါဘူး။ Deadpool မင်းသား အဖြစ်လည်းသိကြတဲ့ နာမည်ကျော်မင်းသားချော Ryan Reynolds နဲ့ Spider-Man ထဲမှာပါဝင်ခဲ့တဲ့ Mysterio အဖြစ်ပါဝင်ခဲ့တဲ့ Jake Gyllenhaal တို့ကိုလည်း တဆင့် challenge ပြန်ခေါ်ခဲ့ပါသေးတယ်။


Image Credit: Insider

Jake Gyllenhaal ကတော့ Tom Holland ရဲ့ challenge ကို လက်ခံပြီး ဗီဒီယိုရိုက်ကူးကာ IG မှာ တင်ခဲ့ပါတယ်။ သူကလည်း နီးစပ်ရာလူတွေကို ဆက်ပြီး challenge ခေါ်ထားပြန်ပါတယ်။


Image Credit: Pinterest

Ryan Reynolds ကို challenge ခေါ်ရာမှာတော့ ဗီဒီယိုထဲမှာ သူ့ကို မျက်မှောင်ကြီးကြုံ့ပြီးနားထောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူကတစ်ခွန်းပဲ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချလိုက်ပါ တယ်။ “Noo.” မလုပ်ပါဘူးတဲ့…။


Image Credit: Instagram

Holland အနေနဲ့ကတော့ အသက်ငယ်သေးတဲ့ လူငယ်လေးတစ်ယောက်ပီပီ အကနဲ့ gym လေ့ကျင့်ခန်းတွေ ကောင်းကောင်းလုပ်ထားသူ ဖြစ်ပါတယ်။ ဒါ့ပြင် Spider-Man ဇာတ်လမ်းအတွက်လည်း လေ့ကျင့်ရေးတွေ အများကြီးလုပ်ခဲ့ရသူပါ။ အဲဒါကြောင့် သူ့အနေနဲ့ ဒီ Challenge ကို ကောင်းကောင်းလုပ်နိုင်ခဲ့တာ သိပ်တော့ မဆန်းလှပါဘူး။

Katie Scarlett
We Media

Source: Men’s Health


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။