အပြုံးကိုယ်စီနဲ့ ရိုအရမ်းဆန်နေကြတဲ့ RiRi နဲ့ သူမရဲ့ ရည်းစားအသစ်

မကြာသေးခင်က DJ Khaled နဲ့ Wild Thoughts နာမည်ဖြင့် Single အသစ်တစ်ပုဒ်ထွက်ရှိခဲ့တဲ့ Rihanna @ RiRi တစ်ယောက်၊ ဇွန်လ ၂၈ ရက်နေ့တုန်းက စပိန်မှာ ရည်းစားအသစ်နဲ့ ရိုမန်တစ်ဆန်တဲ့အချိန်တွေ  အတူတူဖြတ်သန်းနေကြတဲ့ မြင်ကွင်းတစ်ခု ပရိသတ်အရှေ့တွေ ရောက်ရှိလာခဲ့ပါတယ်။

သူမရဲ့ ရည်းစားအသစ်နာမည်ဟာ Hassan Jameel ဖြစ်ပြီးတော့ Saudi Arabia နိုင်ငံက Abdul Latif Jameel Company ရဲ့အမွေဆက်ခံသူတစ်ယောက်ဟု သိရှိရပါတယ်။ လက်ရှိမှာဆိုရင် Hassan Jameel ဟာ မိသားစုကုမ္ပဏီဖြစ်တဲ့ Abdul Latif Jameel (ကမ္ဘာ့အချမ်းသာဆုံးနဲ့ အကြီးမားဆုံး ကုမ္ပဏီတွေထဲကတစ်ခု) ရဲ့ Vice Chairman တစ်ယောက်လည်းဖြစ်ပါတယ်။

 “မနေ့ကတော်တော်လေး Hit ဖြစ်ခဲ့တဲ့ RiRi တယောက်ရည်းစားအသစ်ရှိနေပြီဆိုတဲ့သတင်းဟာ အမှန်အကန်ဖြစ်ပြီး၊ အခုတော့ အားလုံးရှေ့မှာ ရုပ်လုံးပြတွဲနေပြီဖြစ်ကြောင်းကိုပါ သက်သေရလိုက်ပါပြီ...
RiRi ကိုချစ်တဲ့ Navy များကတော့ သူမပျော်ရင် အားလုံးကျေနပ်တယ်လို့အကုန် တစ်သံတည်းထွက်နေပေမယ့် တချို့တွေကတော့ အချစ်ရေးကံမကောင်းတဲ့ RiRi အတွက်စိတ်ပူနေကြပါတယ်..” လို့ Rihanna Myanmar Page မှာ ဖော်ပြထားတာကိုတွေ့မြင်နိုင်မှာပါ။

အရင်က RiRi တွဲဖူးခဲ့တဲ့ Chris Brown၊ Matt Kemp၊ Travis Scott၊ Leonardo DiCaprio နဲ့ Drake တို့တုန်းက အချစ်ရေးဟာ အဆင်မပြေခဲ့တဲ့အတွက်ကြောင့်၊ ခုလက်ရှိ အသစ်စက်စက်တွဲနေတဲ့ Hassan Jameel နဲ့ အချစ်ရေး ဘယ်လို လာမလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။