၂၄ နာရီအတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်ကူးစက်ခံရသူ သုံးသိန်းကျော်ရှိ

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာတစ်ဝန်းလုံးမှာ ကိုဗစ်ကူးစက်ခံရသူ ၃၀၇၉၃၀ ကျော်ရှိပြီး စံချိန်သစ်တင်ခဲ့ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီအရေအတွက်ဟာ စက်တင်ဘာ ၆ ရက်နေ့မှာ တွေ့ခဲ့တဲ့ ကူးစက်သူ ၃၀၆၈၅၇ ရဲ့ စံချိန်ကို ရှစ်ရက်အတွင်း ချိုးခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့တွေ့ရှိရတဲ့ ပိုးတွေ့လူနာ ၃သိန်း ကျော်စာရင်းမှာ အိန္ဒိယနိုင်ငံက ကူးစက်သူ ၉၄၃၇၂ ဦးနဲ့ အများဆုံးပါဝင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၁.၃ သန်းကျော်သွားပါပြီ။ ဒါ့အပြင် အမေရိကန်နဲ့ ဘရာဇီးမှာလည်း ကူးစက်မှု အသစ်တွေ ထပ်တွေ့ရပါတယ်။ ပထမဆုံး နေ့စဥ်ကူးစက်မှု တစ်သိန်းကို မေလလယ်မှာ တွေ့ရပြီး ဒုတိယ နေ့စဥ်ကူးစက်မှု နှစ်သိန်းကို ဇူလိုင်လဆန်းမှာ တွေ့ခဲ့ရပါတယ်။ လေးရက်အတွင်း ကူးစက်သူ တစ်သန်းနီးပါးရှိလာပြီလို့ WHO ကပြောပါတယ်။


သေဆုံးနှုန်းက ဧပြီလထက် ထက်ဝက်ကျော်ကျဆင်းလာပြီး ၅၀၀၀ ဝန်းကျင်ဖြစ်လာပါတယ်။ အနောက်ဥရောပနိုင်ငံတွေမှာတော့ သေဆုံးနှုန်းမြင့်တက်နေဆဲ ဖြစ်ပါတယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ကူးစက်မှုအသစ်တွေကြောင့် သေဆုံးမှုတွေတိုးလာမယ်လို့ WHO ကခန့်မှန်းထားပါတယ်။ ဥရောပနိုင်ငံတွေကတော့ ကိုဗစ်ကာလကို လာမယ့်ငါးနှစ်အထိ ကြိုတင်ပြင်ဆင်မယ်လို့ ပြောထားပါတယ်။ 

Ref - WHO

Photo - WHO

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။