သာဘာဝအတိုင်း အဆုတ်သန့်စင်စေမယ့် မီးဖိုချောင်နည်းလမ်းများ

အခုလို အချိန်အခါမှာ ကိုယ်ခံအားကောင်းအောင်နေရမှာကို လူတိုင်းသိပြီးသား ဖြစ်ကြမှာပါ။ ကိုယ်ခံအားကောင်းအောင်နေရုံနဲ့ မပြီးသေးပါဘူး။ ရောဂါပိုးမွှားအဓိက ဒုက္ခပေးမယ့် အဆုတ်လေးကိုလည်း သန့်ရှင်းကျန်းမာအောင် ထားတက်ဖို့ လိုပါသေးတယ်။ ဒါကြောင့် အစားတလိုင်း We ပရိတ်သတ်တွေအတွက် အိမ်က မီးဖိုချောင်မှာရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ အဆုတ်သန့်စင်ပေးနိုင်တဲ့အကြောင်းကို ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ 

၁။ နနွင်းမှုန့်

Photo Credit - the indian express

နနွင်းမှုန့်က လည်ပြွန်ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အကျိုးအာနိသင်တွေရှိပါတယ်။ ဒါကြောင့် နနွင်းမှုန့်ကို ဒီအတိုင်း သောက်သုံးခြင်းဖြစ်စေ၊ အစာအစာတွေထဲမှာ အနည်းငယ်ပိုထည့်စားခြင်းဖြစ်စေ၊ ပျားရည် (သို့) သံလွင်ဆီတို့နဲ့ ရောပြီး သုံးဆောင်ခြင်းကို ပြုလုပ်ပေးမယ်ဆိုရင်တော့ လည်ချောင်းတစ်လျှောက်အပြင် အဆုတ်ကိုပါ သန့်စင်ပေးနိုင်ပါတယ်။

၂။ လက်ဖက်စိမ်းရေနွေးကြမ်း

Photo Credit - firstcry 

လက်ဖက်စိမ်းရေနွေးကြမ်းကတော့ လူသိများပြီး ပေါ်ပြူလာဖြစ်တဲ့ သဘာဝအတိုင်း အဆုတ်သန့်ရှင်းပေးတဲ့ နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ မကြာခဏချောင်းဆိုးခြင်း၊ ချွဲထခြင်းတွေက အဆုတ်မကျန်းမာတဲ့ လက္ခဏာတွေဖြစ်ပြီး အသက်ရှုရခက်ခဲစေပါတယ်။ လက်ဖက်ရည်ရေနွေးကြမ်းကို မနက်ခင်းဖြစ်စေ၊ မကြာခဏသောက်သုံးပေးမယ်ဆိုရင်တော့ အဆုတ်ကို သန့်စင်ပေးနိုင်ပြီး နာတာရှည်အဆုတ်နဲ့သက်ဆိုင်တဲ့ရောဂါတွေကိုပါ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ပူစီနံရေနွေးကြမ်း

Photo credit - medical news today

ရေနွေးကြမ်းထဲမှာ ပူစီနံခက်သောက်ပေးခြင်းကတော့ ရှေးကျတဲ့ ကုထုံးတစ်ခုပါ။ ရေနွေးပူပူလေးထဲမှာ ပူစီန်ခပ်သောက်ပေးမယ်ဆိုရင်တော့ ချွဲသလိပ်တွေနဲ့ လည်ပြွန်ရောင်ရမ်းခြင်းတွေပါ သက်သာစေပြီး အဆုတ်ထဲကို ရောဂါကူးစက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အဆုတ်ကို သန့်စင်ပေးနိုင်ပါတယ်။

၄။ ချင်းပြုတ်ရည်

Photo credit - nutrition force

ချင်းဟာ အတွင်းကလီစာတွေ ယောင်ရမ်းခြင်းတွေအတွက် အကောင်းဆုံး ဓာတ်စာပဲ ဖြစ်ပါတယ်။ ချင်းပြုတ်ရည်ကို သောက်သုံးပေးမယ်ဆိုရင်တော့ အဆုတ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မယ့်အပြင် ဘတ်တီးရီးယားပိုးတွေနဲ့ အဆုတ်ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေကိုပါ ရှင်းလင်းပေးနိုင်စွမ်းရှိပါတယ်။

၅။ ကြက်သွန်ဖြူ

Photo Credit - masterclass

ကြက်သွန်ဖြူကို ထမင်းစားတဲ့အခါ အတို့အမြုပ်အနေနဲ့ဖြစ်စေ မကြာခဏစားသုံးပေးရင်းနဲ့လည်း အဆုတ်ကို သန့်စင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူက အဆုတ်တင်မကပါဘူး၊ လည်ပြွန်ယောင်ယမ်းခြင်းကိုလည်း သက်သာစေနိုင်သလို အဆုတ်ကင်ဆာမဖြစ်ပွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ 

Psyche (We Media)

Ref; timesofindia.indiatimes.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။