LV ထုတ် အမေရိကန်ဒေါ်လာ ၉၀၀ ကျော်တန် Face Shield ကို မကြာခင်ဈေးကွက်တင်မည်

လတ်တလော နိုင်ငံတကာမှာ COVID-19 ကူးစက်ပျံ့နှံ့မှုတွေရှိနေဆဲဖြစ်တာကြောင့် အပြင်ထွက်တဲ့အခါတိုင်း Face Mask နဲ့ Face Shield (မျက်နှာအကာ) တွေ အသုံးပြုနေကြရတုန်းပါပဲ။ တန်ဖိုးမြင့် luxury fashion brand တစ်ခုဖြစ်တဲ့ LV (Louis Vuitton) ကလည်း LV အမှတ်တံဆိပ်တပ် Face Shield တွေကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။


Image Credit: Louis Vuitton

ကိုဗစ်ကာလအတွင်း လူအများကြားသွားလာလှုပ်ရှားတဲ့အခါ အကာအကွယ်အဖြစ်အသုံးပြုနိုင်မယ့် LV Shield တွေကို လာမယ့်အောက်တိုဘာ ၃၀ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဈေးကွက်တင် ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။ LV ရဲ့ 2021 Cruise collection ထဲမှာအပါအဝင်ဖြစ်တဲ့ အဲဒီ shield ရဲ့ တစ်ခုချင်းဈေးနှုန်း ဟာ အမေရိကန်ဒေါ်လာ ၉၆၁ ဖြစ်ပါတယ်။


Image Credit: Louis Vuitton

LV Shield ကို ခေါင်းမှာအဆင်ပြေတပ်တပ်ဆင်နိုင်ဖို့အတွက် အလျှော့အတင်းပြုလုပ်နိုင်မယ့် ခေါင်းပတ်ပါဝင် ပြီး LV ရဲ့လိုဂိုအမှတ်တံဆိပ်ကို လည်း သိသာအောင်ခတ်နှိပ်ပေးထားပါတယ်။ Shield ဟာ LV ရဲ့သင်္ကေတ အဆင်အသွေးနဲ့ဖြစ်တာကြောင့် မြင်ရုံနဲ့ LV ထုတ်မှန်း တန်းသိသာစေ မှာပါ။


Image Credit: Louis Vuitton

အဲဒီ Shield အကြောင်း တရားဝင်ပွဲထုတ်ကြေညာရာမှာ Shield ဟာ အကာအကွယ်ဖြစ်စေသလို၊ ဝတ်ဆင်သူ ကို စတိုင်ကျလှပမှုလည်းရှိစေမယ့် မြင်သူတကာကိုဆွဲဆောင်နိုင်တဲ့ ခေါင်းဝတ်တန်ဆာတစ်ခုဖြစ်ပါတယ်လို့ ညွှန်းဆိုထားပါတယ်။


Image Credit: Louis Vuitton

LV Shied ကို တရားဝင်ဈေးကွက်တင်ပြီးတဲ့အခါကျရင်တော့ ဘယ်လိုနာမည်ကျော်က ဘယ်လိုစတိုင်ထုတ် ဝတ်ဆင်ဦးမလဲဆိုတာကို စောင့်ကြည့်ကြရဦးမှာပါ။

Katie Scarlett
We Media

Source: 9gag

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။