မြန်မာဘက်က ပိုးကူးသည်ဟုဆိုကာ တရုတ်နိုင်ငံ ရွှေလီမြို့ကို Lockdown ချ

မူဆယ်မြို့တစ်ဖက်ကမ်းက တရုတ်နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရွှေလီမြို့ကို တရုတ်နိုင်ငံဘက် Lockdown ပြုလုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်မှုတွေ လုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။ ရွှေလီမြို့မှာ ရောဂါပိုးတွေ့သူ သုံး ဦးတွေ့ရှိပြီး နောက်ပိုင်း တရုတ်အာဏာပိုင်တွေက Lockdown ချမှတ်ခဲ့တာဖြစ်ပါတယ်။


မြန်မာတရုတ်နယ်စပ်မြို့ဖြစ်တဲ့ နိုင်ငံအနောက်ပိုင်းယူနန်ပြည်နယ်ရွှေလီမြို့မှာ ယခုရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သုံး ယောက်တွေ့ရှိခဲ့ပါတယ်။ ဒေသခံတွေ အိမ်မှာ နေခိုင်းထားပြီး တနင်္လာနေ့ ညနေခင်းမှစလို့ မြို့ထဲအဝင်အထွက်ပိတ်ထားပါတယ်။ လူဦးရေ ၂၀၀၀၀၀ ကျော်ရှိတဲ့ ရွှေလီတစ်မြို့တစ်မြို့လုံးကို ကိုဗစ်ပိုးစစ်ဆေးမယ်လို့ ကြေညာထားပြီး စျေးနဲ့ကုန်တိုက်တချို့ကို ပိတ်ထားတာတွေ့ရပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့သူတွေဟာ မြန်မာနိုင်ငံက ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး တရားမဝင် ဝင်ရောက်သူတွေကို ဖြိုခွင်းသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာကူးစက်မှုတချို့ ပြန်လည်တွေ့ရှိရပြီးနောက်ပိုင်း တရုတ်အစိုးရ တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေတာ တွေ့ရပါတယ်။

Ref - Aljazeer

Photo - Aljazeer


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။