အဆင်မပြေမှုများနဲ့ကြုံတွေ့နေရတဲ့ ရိုးမရိပ်သာက အတည်ပြုလူနာများ

ကိုဗစ်အတည်ပြုလူနာတွေထားရှိတဲ့ ရိုးမရိပ်သာ Quarantine စင်တာမှာ အဆင်မပြေမှုတွေရှိနေတယ်လို့ လူနာတချို့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက Quarantine နဲ့ ကုသရက်တွေကို ပြင်ဆင်သတ်မှတ်ထားပေမယ့် ဆေးရုံနဲ့စင်တာတွေမှာတော့ ဝန်ထမ်းမလုံလောက်မှု၊ လူနာများပြားမှုတွေနဲ့ ကြုံတွေနေရပါတယ်။ ရိုးမရိပ်သာမှာ တက်ရက်ကုသနေတဲ့ အတည်ပြုလူနာရဲ့ သမီးဖြစ်သူက "အမေ့ အသက်က ၇၂နှစ်ပါ။ ကိုဗစ် Positive ဖြစ်လို့ ရိုးမအိမ်ယာ မှာ ရောက်နေပါတယ်။ လူနာထားဖို့ မသင့်တော်တဲ့နေရာမှာ လူနာတွေ စု ထားပြီး ဂရုစိုက်စောင့်ရှောက် မှုလည်းမရှိပါဘူး။ အမေက အသက်ရှုမဝတတ်သူမို့ ပြတင်းပေါက်ဘေးနားမှာ တံခါးဖွင့်ပြီးအိပ်နေရတယ်။ တစ်ကယ်ဆို အခြေအနေ မဆိုးတဲ့ Positive ဖြစ်တဲ့သူတွေ Hotel Quarantine ပဲ  ဖြစ်ဖြစ် Home Quarantine ပဲဖြစ်ဖြစ် Positive တွေအတွက် Center လုပ်ပြီးထားလိုက် သင့်ပါတယ်။ လူအများကြီး ကို ကျွေးရတာမို့ အခက်အခဲဖြစ်တာလည်း နားလည်ပါတယ်။ ညနေလေးနာရီထိ နေ့လည်စာထမင်းရောက် မလာတာ ကတော့ လူနာအတွက် အဆင် မပြေလှပါဘူး။ အမေက ဆီးချိုရောဂါ အခံရှိတဲ့ သူမို့ စိတ်ပူရတဲ့အထဲ ထမင်းချိန်မမှန်၊ ဆေးတိုက် မယ့်သူ အဖျားတိုင်းပေးမယ့်သူတောင်မရှိ၊ နေရတာ နေရာထိုင်ခင်းအဆင်မပြေနဲ့မို့ ရောဂါ ထပ်ရမှာလည်း စိတ်ပူရပါတယ်" လို့ ပြောပါတယ်။


လူနာတစ်ဦးကလည်း " Positive သမား​တွေ အ​ရေး​​ပေါ် ကုသရ​အောင်အတွက် အဆင်​ပြေ​နေတဲ့​နေရာက​နေ Q  Center ​တွေကို ​ရွှေ့ကြတယ်။ အခန်းထဲမှာ ၄ ​ယောက်​နေရတယ်။ ​AC ​တွေ ပန်ကာ​တွေ မ​ပြောနဲ့ လေမရလို့ ဝရံတာထွက် ​လေရှုတာ​တောင် ​အောက်ကလှမ်း​​အော်ပြီး အထဲဝင်​နေပါ။ တံခါးပိတ်ထားပါ။ ​လော်နဲ့ ​အောက်က​စောင့်သူ​တွေကလှမ်း​အော်ခံရတဲ့ ဘဝ​တွေပါ။ တချို့အခန်း​တွေ ​ရေမရပါဘူး သုံး/ချိုး​ရေ အပြင် အိမ်သာတက်ဖို့​တောင် ​ရေမလာတာပါ။ဒါ​တွေက ကိုယ်​တွေ့ ဖြစ်ပျက်​နေတဲ့ ရိုးမ​ဆောင် (ဒဂုံဆိပ်ကမ်း) quarantine center မှာပါ တခြားကိုယ်မသိတဲ့ ​နေရာ​တွေမှာ ဘာ​တွေဖြစ်​နေလဲက​တော့ ကိုယ့်​တွေ့ကြုံရတဲ့သူ​တွေက ပိုသိကြမှာပါ။အဆင်​ပြေလား​မေးရင် ဘယ်လိုပြန်​ဖြေရမှန်းမသိပါဘူး မကြုံ မဆုံရ​တော့ ဖြစ်​နေတာ​တွေ မမြင်နိုင်ပါဘူး ပြန်​ပြောဖို့လည်း အားမရှိပါဘူး...။ ကျန်းမာ​ရေးဘက်က ဘယ်သူ​တွေက ဘယ်လိုစဥ်းစားပြီး ဆုံးဖြတ်ကြလဲ တကယ်သိချင်မိတယ် က​လေးငယ်​တွေ အသက်ကြီးသမား​တွေ ပါတယ် အခုဆို ​ရောဂါ​ကြောင့်ထက် ဒီလို​တွေ​ရောက်မှ ခံစားရတဲ့ စိတ်ခံစားချက်​တွေ​ကြောင့် ​သေကြရတာ"လို့ ရင်ဖွင့်ခဲ့ပါတယ်။


အခြားလူနာတစ်ဦးကလည်း "အခုအခက်ခဲဖြစ်ဆုံးကတော့ သုံးရေ မရှိတာပါပဲ။ အိပ်သာတတ်ဖို့အရမ်းကိုခက်ခဲဖြစ်နေပါတယ်။ အထက်လူကြီးများကိုသိစေချင်ပါတယ်။ အရမ်းပူတဲ့တိုက်ခန်းထဲမှာ ဝရံတာတောင်ထွက်ခွင့်မရှိတဲ့ ကျမတို့လူနာတွေရဲ့ဘဝ ရေချိုးရင်တောင်အပူသက်သာဖို့နေနေသာ အိပ်သာသွားဖို့အခက်ခဲဖြစ်နေရတာ နောက်၁၁ရက်လောက်အနည်းဆုံးနေရဦးမယ်။ ဘယ်လိုပုံစံနဲ့စခန်းသွားရမလဲ"လို့ မေးခွန်းထုတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ သေဆုံးသူတွေ များပြားလာပြီး ၁၅ ရက်အတွင်း သေဆုံးသူ ၃၃ ယောက်ထိရှိလာပြီဖြစ်ပါတယ်။

Photo - Mg Ta Mar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။