အိမ်ရှင်မတို့အတွက် ဟင်းသီးဟင်းရွက်ဝယ်နည်း လျို့ဝှက်ချက်များ

ဟင်းသီးဟင်းရွက်ဆို သန့်မှလတ်မှ ကြိုက်တဲ့ အိမ်ရှင်မတွေအတွက် ဈေးသွားတဲ့အခါ ဟင်းသီးဟင်းရွက် ရွေးချယ်ဝယ်နည်းလေးကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ အခုမှ မီးဖိုချောင်စဝင်မယ့် သူလေးတွေအတွက်လည်း အဆင်ပြေတာပေါ့နော်။

Photo Credit - NDTV food

၁။ ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်း၊ ဆလက်ရွက်၊ ပဲသီး၊ တရုတ်နံနံတို့ ဝယ်မယ်ဆိုရင် ကျစ်လစ်ပြီး အစိမ်းရောင်ဖြစ်နေတာလေးကို ရွေးပေးသင့်ပါတယ်။

Photo Credit - saltwire

၂။ ခရမ်းချဉ်သီးလေးတွေက နီရဲလေ မှည့်လေဖြစ်တာကြောင့် ကိုယ်လိုချင်တဲ့ အနေအထားကို အရောင်ကြည့်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Photo Credit - gym junkies

၃။ အာလူး၊ မုန်လာဥနီ၊ ကန်စွန်းဥစတဲ့ သစ်ဥအမျိုးအစားတွေကို ဝယ်ယူတော့မယ်ဆိုရင် ကျစ်လစ်ပြီး အခွံချောနေတာလေးတွေကို ရွေးဝယ်ပေးရပါမယ်။ သစ်ဥအမျိုးအစားအနွယ်ဝင်တွေက သေးလေ အရသာပိုရှိလေဆိုတာလေးလည်း သိထားရမယ်နော်။

Photo Credit - chicago suntime

၄။ လတ်ဆက်ပြီး အရသာရှိတဲ့ဂေါ်ဖီထုပ်ကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ အပြင်သားလေးတွေ ကြွပ်ပြီး ရိုးတံလေးတွေ မာနေရပါမယ်။

Photo Credit - the new york time

၅။ ကောင်းမွန်တဲ့ ကြက်သွန်နီလေးတွေ ဝယ်ယူချင်ရင်တော့ အခွံမဲခြင်း၊ အမြစ်တွေပေါက်နေတာတွေကို ရှောင်ရှားပေးပါနော်။

Psyche (We Media)

Ref; lifehacks

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။