“Crash Landing On You” ထဲကအတိုင်း pre-wedding ပုံတွေရိုက်ကူးခဲ့ကြတဲ့ မင်္ဂလာစုံတွဲလေး

အခုခေတ်မှာ မင်္ဂလာဆောင်ကြမယ့်စုံတွဲတွေအနေနဲ့ pre-wedding ရိုက်ကူးမှုကို အမှတ်တရဖြစ်စေမယ့် ပုံစံ အမျိုးမျိုးနဲ့ ရိုက်ကူးလာကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲဟာလည်း နာမည်ကျော်ကိုရီးယားဇာတ်လမ်း တွဲတစ်ခုထဲက ဇာတ်ဝင်ခန်းတချို့အတိုင်း ရိုက်ကူးပုံဖော်ခဲ့ကြပါတယ်။


Image Credit: James Montaño Photography/ Facebook

ဖိလစ်ပိုင်က Jay နဲ့ Rihan ဆိုတဲ့စုံတွဲလေးဟာ “Crash Landing On You” ဇာတ်လမ်းတွဲထဲက မြောက်ကိုရီးယားဗိုလ်ကြီးနဲ့ ဖက်ရှင်လုပ်ငန်းရှင် သူဌေးမလေး ယွန်းဆယ်ရီတို့ရဲ့ ဇာတ်ဝင်ခန်းတချို့အတိုင်း pre-wedding ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ သတို့သမီးဟာ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးလို့လည်း သိရပါတယ်။


Image Credit: James Montaño Photography/ Facebook

“Crash Landing On You” ဟာ စတင်ပြသစဉ်ကတည်းက နိုင်ငံတကာပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့တဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ “Crash Landing On You” မှာ တောင်ကိုရီးယားရဲ့ထိပ်တန်း ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားချော Hyun Bin နဲ့ မင်းသမီးချော Son Ye-jin တို့က အဓိကပါဝင်ထားကြပါတယ်။


Image Credit: James Montaño Photography/ Facebook

ဇာတ်လမ်းထဲမှာပါဝင်ခဲ့တဲ့ ရိုက်ကွင်းနေရာတွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ မင်းသားသမီးတွေဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေဟာလည်း ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။


Image Credit: James Montaño Photography/ Facebook

ဖိလစ်ပိုင်က Jay နဲ့ Rihan တို့စုံတွဲလေး ရိုက်ကူးထားတဲ့ “Crash Landing On You” ပုံစံ pre-wedding ဓာတ်ပုံတွေဟာလည်း တကယ်ကိုနှစ်လိုဖွယ် ကောင်းပါတယ်။ အဲဒီဓာတ်ပုံလေးတွေဟာလည်း ဆိုရှယ်မီဒီယာ ထက်မှာ အတော်လေးခေတ်စားသွားခဲ့ပါတယ်။


Image Credit: James Montaño Photography/ Facebook

Katie Scarlett
We Media

Source: 9gag

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။