ကျန်းမာရေးကောင်းအောင် သလဲသီးစားပါ

အသီးအနှံကြိုက်တက်တဲ့ We ပရိတ်သတ်လေးတွေအတွက် ဒီတစ်ခါမှာတော့ သလဲသီးစားခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ သလဲသီးလေးတွေက သေးငယ်ပေမယ့် အရသာလည်းလှပါတယ်၊ သလဲသီးလေးတွေက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေပေးလည်းဆိုတာကိုတော့ ဆက်လက်ဖတ်ရှုပေးပါဦးနော်

Photo Credit - calories

၁။ သလဲသီးစားပေးခြင်းက အမျိုးသားတွေမှာ အများဆုံးဖြစ်လေ့ရှိတဲ့ ဆီးကျိတ်ကင်ဆာရောဂါကို လျော့ပါးသက်သာစေပြီး မဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ သလဲသီးကို မကြာခဏ စားသုံးပေးပါနော်။

Photo Credit - the spruce eats 

၂။ သလဲသီးစားပေးခြင်းဟာဆိုရင် ကင်ဆာကာကွယ်ပေးနိုင်တဲ့ အကျိုးအာနိသင်တွေလည်းရှိပြီး အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ရင်သားကင်ဆာဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးနိုင်စွမ်းတွေ ရှိပါတယ်။ သလဲသီးဟာ အမျိုးသား၊ အမျိုးသမီးတွေအတွက် အဖော်မွန်ဓာတ်စာလို့တောင် ပြောလို့ရပါတယ်။

Photo Credit - the times of israel 

၃။ သွေးတိုးသမားတွေအနေနဲ့ သလဲသီးစားပေးမယ်ဆိုရင်တော့ သွေးပေါင်ချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ကြောင့် လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့် သလဲသီးကို သွေးတိုးသမားတွေအနေနဲ့ သလဲသီးဖျော်ရည် (သို့) သလဲသီးကို မကြာခဏ သုံးဆောင်ပေးနိုင်ပါတယ်။

Photo Credit - julien's journal

၄။ သလဲသီးစားသုံးပေးခြင်းက အရိုးအဆစ်ကိုက်ခဲ နာကျင်ခြင်းတွေကိုလည်း သက်သာစေနိုင်ပြီး အရိုးပွရောဂါ မဖြစ်ပွားအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။

Photo Credit - medical xpress 

၅။ သလဲသီးက ခန္တာကိုယ်အတွင်းက မလိုအပ်တဲ့ Cholesterol ဓာတ်တွေကိုပါ တိုက်ဖျက်ပေးနိုင်တာမို့ နှလုံးရောဂါဝေဒနာရှင်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။

Photo Credit - pinterest 

၆။ သလဲသီး စားသုံးပေးခြင်းက ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိတာကြောင့် မှတ်ဉာဏ်အားကို ကောင်းစေပြီး အယ်ဇိုင်းမားရောဂါမဖြစ်ပွားအောင်လည်း ဟန့်တားပေးနိုင်စွမ်းတွေ ရှိပါတယ်။

Psyche (We Media)

Ref; medical new today 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။