မိန်းကလေးပရိသတ်တို့ရဲ့အသည်းကျော် Go Ahead ထဲက တရုတ်မင်းသားလေး Song Weilong

လတ်တလော ဇာတ်လမ်းတွဲချစ်သူတွေကြားမှာ ရေပန်းစားနေတဲ့ တရုတ်ဇာတ်လမ်းတွဲ Go Ahead ထဲက အဓိကဇာတ်ကောင်မင်းသား တစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူကတော့ လင်းရှောင် (Ling Xiao)  ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ တရုတ်မင်းသားချောလေး Song Weilong ဖြစ်ပါတယ်။


Image Credit: Pinterest

အသက်  ၂၁ နှစ်သာရှိတဲ့မင်းသားလေး Weilong ဟာ တရုတ်မိုဒယ်မင်းသားတစ်ဦးအဖြစ် ရပ်တည်နေသူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အနုပညာ လောထဲ ရောက်ရှိလာသူပါ။ ၂၀၂၀ ပြည့်နှစ်ရဲ့ Go Ahead ဇာတ်လမ်းတွဲမှာ တော့ သူဟာ လင်းရှောင်နေရာကသရုပ်ဆောင်ခဲ့ပြီး ရှည်လျားတဲ့ အရပ်အမောင်း၊ ဘိုဆန်ပြီးယောကျာ်းပီသတဲ့ ရုပ်ရည်တို့ကြောင့်လည်း မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။


Image Credit: Pinterest

Go Ahead ဇာတ်လမ်းတွဲမှာတော့ သူသရုပ်ဆောင်ထားတဲ့ လင်းရှောင်ဇာတ်ကောင်ဟာ ငယ်စဉ်က အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေ ကြားမှာနေထိုင်ရင်း၊ ညီမငယ်သေဆုံးမှုဟာ သူ့ကြောင့်လို့စွပ်စွဲခံရရုံမ က မိခင်ကပါစွန့်ပစ်ခြင်းကိုပါ ခံခဲ့ရပါတယ်။ ဖခင်နဲ့ကျန်ရစ်ခဲ့တဲ့ လင်းရှောင်ဟာ စိတ်ဒဏ်ရာတွေနဲ့အတူ ကြီး ပြင်းလာရသူပါ။ Weilong က အဲဒီဇာတ်ကောင်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။


Image Credit: Weibo

Weilong ကို ၁၉၉၉ ခုနှစ်၊ မတ် ၂၅ ရက်မှာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက ကမ်းခြေဒေသတစ်ခုဖြစ်တဲ့ Liaoning နယ် Dalian ဆိပ်ကမ်းမြို့တော်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့မှာမွေးချင်းအစ်မနှစ်ယောက် ရှိပြီး အငယ်ဆုံးသားလေးပါ။ သူဟာ Jet Li သရုပ်ဆောင်ထားတဲ့ The New Legend of Shaolin ဇာတ်လမ်းကို ကြည့်ပြီး သိုင်းပညာကိုစိတ်ဝင်စားခဲ့ပါတယ်။


Image Credit: Pinterest

Weilong ဟာ အထက်တန်ကျောင်း အငယ်တန်းကျောင်းသားဘဝမှာ ဝူရှူးပညာကို တစ်နှစ်လောက် သင်ယူလေ့လာခဲ့ပါတယ်။ Henan မှာရှိတဲ့ Tagou သိုင်းပညာသင်ကျောင်းကိုလည်း တက်ရောက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Yu Zheng Studio နဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး မင်းသား တစ်လက်ဘဝကို ရောက်ရှိလာခဲ့ပါတယ်။


Image Credit: Pinterest

၂၀၁၉ ခုနှစ်က လူငယ်အချစ်ဇာတ်လမ်းလေး Love The Way You Are မှာပါဝင်ခဲ့ပြီး အကောင်းဆုံးမင်းသား သစ်ဆုကိုရရှိခဲ့ပါတယ်။ ၂၀၂၀ ရဲ့ Go Ahead ဇာတ်လမ်းကိုရိုက်ကူးပြီးချိန်မှာတော့ သူဟာ Forbes ရဲ့ လူသိအများဆုံးတရုတ်အနုပညာရှင် ၁၀၀ စာရင်း (China Celebrity 100 list) မှာ နံပါတ် ၄၅ နေရာကိုတောင် ရရှိခဲ့ပါတယ်။


Image Credit: Weibo

သူ့ရဲ့အနုပညာသက်တမ်း ၅ နှစ်အတွင်းမှာ ရုပ်ရှင် ၄ ကားနဲ့ ဇာတ်လမ်းတွဲ ၅ ခုမှာ ပါဝင်ထားပါတယ်။ ၂၀၂၀ မှာ Passage of My Youth ရုပ်ရှင် တင်မက Find Yourself, Beautiful Reborn Flower, In a Class of Her Own နဲ့ Go Ahead ဇာတ်လမ်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ ရဲ့ The Society of Four Leaves ဇာတ်လမ်းတွဲမှာလည်း Weilong ကို တွေ့မြင်ကြရဦးမှာပါ။


Image Credit: Pinterest

Katie Scarlett
We Media
Source: Wikipedia


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။