နန်းဆုရတီစိုးရဲ့ MV အသစ်မှာပါတဲ့ သရုပ်ဆောင်ကောင်လေးကဘယ်သူလဲ

နန်းဆုကတော့ 25.9.17 မှာအသစ်ထွက်ရှိတဲ့ သူမရဲ့ သီချင်းလေးမှာ သရုပ်ဆောင်ပိုင်းလေးတွေက Romantic  ဆန်ပါတယ်။ ထူးခြားတာက MTV တစ်ပုဒ်လုံးမှာ သရုပ်ဆောင်ထားတဲ့ ကောင်လေးရဲ့ မျက်နှာကိုတော့ လုံးဝမပြထားပါဘူး။ ဒီအချက်လေးနဲ့ ပရိသတ်တော်တော်များများကို ဆွဲဆောင်ထားပါတယ်။


သီချင်းစာသားလေးတွေရဲ့ အဓိပ္ပာယ်လေးတွေကလည်း လူငယ်တွေတော်တောများများနဲ့ ခံစားချက်တိုက်ဆိုင်လွန်းပါတယ်။ အချစ်အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန်လေးနဲ့ ပုံစံရိုက်ကူးခဲ့တာပါ။


နန်းဆုရဲ့ Facebook acc မှာလည်း Status တင်ထားပါသေးတယ်။ “MV ထဲမှာ  Actor မျက်နှာမပြတာက Actor & Director တို့စီစဉ်ဆုံးဖြတ်တာပါရှင့် နန်းဆုက မပြချင်လို့ မဟုတ်ရပါဘူးနော် တချို့ အထင်လွဲနေကြလို့ ရှင်းပြတာပါ။ ရူးအောင်ချစ်ရသူ သီချင်းလေးကို အားပေးကြတဲ့ ချစ်ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်။” ဆိုပြီးပြောထားပါတယ်။


ဒီတော့ ဒီ MV လေးကို မကြည့်လိုက်ရတဲ့ သူတွေလည်း ကြည့်လိုက်ပါဦးနော်။ ပရိသတ်တွေ အကုန်လုံးနီးပါးက ဘယ်သူလဲဆိုတာ ရိတ်မိကြပေမယ့် နန်းဆု တရားဝင်ချပြမယ့်နေ့ကို စောင့်နေကြပါတယ်... တချို့ပရိသတ်တွေကလည်း သရုပ်ဆောင်ကောင်လေး မျက်နှာမမြင်ရလို့ သိပ်ကြည့်မကောင်းဘူးလို့ ဝေဖန်ခဲ့ကြသလို တချို့ကလည်း ဒါအနုပညာဖန်တီးမှုတစ်ခုလို့ ပြန်လည် ချေပခဲ့ကြပါတယ်...။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။