တရုတ် Royole ကုမ္ပဏီကထုတ်လုပ်တဲ့ Flexi Pai 2 ခေါက်စမတ်ဖုန်း

ခေါက်လို့ရတဲ့ စမတ်ဖုန်းကို Samsung ကစတင်ရောင်းချပေမယ့် တကယ်တန်းစထုတ်တာက တရုတ် Royole ကုမ္ပဏီဖြစ်ပါတယ်။ ခုတော့ တရုတ် Royole ကုမ္ပဏီက Flexi Pai 2 အမည်ရှိတဲ့ ခေါက်လို့ရတဲ့ ဖုန်းကို ထပ်မံထုတ်လုပ်လိုက်ပါပြီ။ Royole က မိုဘိုင်းဖုန်းထက်စာရင် Display ကိုအဓိကထုတ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 


Flexi Pai 2 မှာ Andriod 10, Snapdragon 865 နဲ့ 180' ချိုးလို့ရတဲ့ Display ပါဝင်ပါတယ်။ ပထမထုတ်လုပ်ထားတဲ့ Flexi Pai နဲ့ပုံစံတူပေမယ့် နည်းပညာမှာတော့ တတိယမျိုးဆက်သစ် Display နည်းပညာကို ထည့်သွင်းအသုံးပြုထားပါတယ်။ Royole ကတော့ သူတို့သုံးထားတဲ့ နည်းပညာဟာ 180' ထိချိုးလို့ရပြီး အဖွင့်အပိတ် 1.8 သန်းထိ ပြုလုပ်ရတယ်လို့ဆိုပါတယ်။


Flexi Pai 2 အရွယ်အစားက 7.5" ရှိပြီး Main Screen အရွယ်အစားက 5.5" ရှိပါတယ်။ Resolution အနေနဲ့ 1920'x1440' ရှိပါတယ်။ အလေးချိန်အရ Galaxy Fold 2 ထက် အနည်းငယ်ပိုလေးပါတယ်။ ကင်မရာသုံးလုံးပါဝင်ပါတယ်။ 


ဘက်ထရီအနေနဲ့ 4450 mHA ပါဝင်ပြီး type C 18W charging စနစ်ထည့်သွင်းထားပါတယ်။ အရောင်သုံးရောင်ရှိပြီး စျေးနှုန်းအနေနဲ့  ဒေါ်လာ ၁၄၀၀ နဲ့ရောင်းချမယ်လို့ သိရပါတယ်။ စျေးနှုန်းကတော့ Samsung ထက် ဒေါ်လာ ၅၀၀ လောက်နည်းပါတယ်။

Credit - Andriod Athority

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။