ကလေးလိုချင်တဲ့ အမျိုးသမီးတွေအတွက် သုတ်ရည်လှူဒါန်းပေးနေတဲ့ စေတနာရှင်ကြီး

သူ့ကိုယ်သူ သုတ်ရည်အလှူရှင်ဆိုပြီး အင်တာနက်ကတစ်ဆင့်ကြော်ငြာကာ အမျိုးသမီးတေ ကို ကလေးလိုက်မွေးပေးနေသူတစ်ဦး နာမည်ကြီးနေပါတယ်။ နာမည်ဝှက် ဂျိုးလ်လို့ အမည်ရသူတစ်ဦးဟာ Lockdown ကာလအတွင်း ကလေး ခြောက်ဦးမွေးဖွားနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ခုဆိုရင် ကမ္ဘာတစ်ဝန်းသူ့သုတ်ရည်နဲ့ ကလေး ၁၅၀ မွေးဖွားပြီးပြီဖြစ်ပါတယ်။ 


လတ်တလော ဂျိုးလ်နဲ့ ကိုယ်ဝန်ဆောင်ထားရတဲ့ ကိုယ်ဝန်ဆောင် ငါးဦးရှိပြီး တစ်ဦးကတော့ မကြာခင်က ကလေးငယ်တစ်ဦးမွေးဖွားပြီးဖြစ်ပါတယ်။ လာမယ့် သုံးလအတွင်း ကလေးဆယ်ယောက် မွေးဖွားပေးမယ်လို့ ဂျိုးလ်က ဆိုပါတယ်။ လောလောဆယ် ဂျိုးလ်တစ်ယောက် အာဂျင်တီးနားမှာ ရောက်နေပြီး လာမယ့်အပတ်အတွင်း အင်္ဂလန်က အမျိုးသမီးငါးယောက်ကို ကလေးယူပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။ 


သူ့ရဲ့သုတ်ပိုးဟာ ကလေးရနိုင်ဖို့ ရာခိုင်နှုန်းများတယ်ဆိုပြီး Facebook မှာကြော်ငြာပြီးကတည်းက ကလေးလိုချင်သူအများအပြားဆက်သွယ်လာတယ်လို့ ဂျိုးလ်ကပြောပါတယ်။ ဒီလို သုတ်ရည်လှူဒါန်းတဲ့အခါ လိင်ဆက်ဆံပြီး လှူဒါန်းရတာဖြစ်တဲ့အပြင် လှူဒါန်းမှုအတွက် အခကြေးငွေမယူဘူးလို့ ဂျိုးလ်က ဆိုပါတယ်။ သူရဲ့ဘဝရည်မှန်းချက်အနေနဲ့ ကလေး အယောက် ၂၅၀၀ မွေးဖွားပေးဖို့ရည်မှန်းထားတယ်လို့ ဂျိုးလ်က​ ပြောပါတယ်။ 


"ဒီလပိုင်း တော်တော်အလုပ်ရှုပ်နေတယ်။ ကျွန်တော့်ရင်သွေး ဓာတ်ပုံလေးတွေတွေ့ရတာ အရမ်းပျော်တယ်။ သုတ်ရည်လှူဒါန်းတဲ့အတွက် အခကြေးငွေတောင်းခံတာမျိုးမရှိပါဘူး။ ကျွန်တော်မှာ တခြားလုပ်ငန်းတွေရှိပါတယ်"လို့ ဂျိုးလ်က ဆိုပါတယ်။ သူဟာ သုတ်ရည်လှူဒါန်းဖို့အတွက် အင်္ဂလန်၊ အာဂျင်တီးနား၊  အာမေးနီးယား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင်ကို သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ 

Ref - London Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။