သစ်သီးဖျော်ရည်များ၏ ကောင်းကျိုးများ

     လူတိုင်းအသီးဖျော်ရည်ကို သောက်သုံးကြပါတယ်…။အသီးဖျော်ရည်မှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြလိုက်ပါတယ်။
     ရေကိုတော့ နေ့စဉ်ပုံမှန်သောက်သုံးသင့်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်ပါက အသားအရေခြောက်သွေ့အက်ကွဲတာ၊ အရေပြားပက်ကြားအက်တာ၊ နှုတ်ခမ်းတွေကွဲအက်တာ အပြင် ဆီးသွား မမှန်တာတွေပါ ဖြစ်စေနိုင်တယ် ။

     ဖျော်ရည်သောက်သုံးခြင်းက သင့်နှလုံးကျန်းမာရေးကိုပိုကောင်းစေပြီး၊ နှလုံးသွေးကြောစနစ်၊ အသည်းနဲ့ အစာချေစနစ်ကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ အတွင်းကလီစာတွေ ကျန်းမာနေဖို့ကလည်းလိုအပ်ပါသေးတယ်။ ကြွက်သားဖွဲစည်းမှုတွေကောင်းမွန်စေဖို့၊ ပိုတက်စီယမ်ဓာတ်က အထောက်အကူပြုပါတယ်။

အရိုးတွေကျန်းမာသန်စွမ်းစေဖို့ ကယ်စီယမ်ဓာတ်လိုအပ်ပါတယ်။ သွေးလည်ပတ်နှုန်းကောင်းမွန်စေဖို့ သံဓာတ်ကအထောက်အကူပြုပါတယ်။ ဒီဓာတ်တွေကို အသီးအနှံတွေမှာအများဆုံးရှာတွေ့နိုင်ပါတယ်။ အသီးအနှံတွေနဲ့ အခြားသောဟင်းသီးဟင်းရွက်တွေက သင်ကျန်းမာစေဖို့အတွက် ဗီတာမင်ဓာတ်ကို လုံလောက်စွာပေးနိုင်ပါတယ်။ မျက်လုံးအားကောင်းဖို့အတွက် ဗီတာမင်အေ လိုအပ်ပြီး၊ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက် ဗီတာမင်စီ လိုအပ်ပါတယ်။ အသီးဖျော်ရည်သောက်တဲ့အခါမှာတစ်နေ့ကို တစ်ခွက်ကနေ နှစ်ခွက်ထိသောက်နိုင်ပါတယ်။ တချို့က အသီးဖျော်ရည်ကိုဝိတ်ချတဲ့အနေနဲ့လည်းသောက်သုံးကြပါတယ်...။

ပန်းသီး
     ပန်းသီးမှာပါဝင်တဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေက သင့်ခန္ဓာကိုယ်ရဲ့ အချိုဓာတ်ပမာဏကို ထိန်းညှိပေးပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

ရှောက်သီး
     ရှောက်သီးက ဗီတာမင်စီအကြွယ်ဝဆုံးအသီးဖြစ်ပြီး သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကိုချေဖျက်ပေးနိုင်ပါတယ်။

သလဲသီး
     သလဲသီးက အန်တီအောက်စီဒန့်ကို ထုတ်ပေးနိုင်တဲ့အသီးဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

စပျစ်သီး
     စပျစ်သီးမှာ အန်တီအောက်စီဒန့်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်အေ၊ ဗီတာမင်ဘီစစ်၊ ဗီတာမင်စီနဲ့ ဖောလစ်အက်စစ်တွေ များစွာပါဝင်ပါတယ်။

သင်္ဘောသီး

     သင်္ဘောသီးမှာပါဝင်တဲ့ အင်ဇိုင်းဓာတ်က ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။

     အသီးတွေမှာ မူလထဲကပါဝင်တဲ့အချိုဓာတ်က သင့်ခန္ဓာကိုယ်တွင်းမှာအချိုဓာတ်ကို ရရှိစေခြင်း၊ အလေးချိန်တက်လာနိုင်ခြင်း နဲ့ သင်ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေကို ကောင်းမွန်စေပါတယ်...။

သင့်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အသီးဖျော်ရည်ကိုသောက်တယ်ဆိုရင် ဟင်းသီးဟင်းရွက်ကိုလည်း မေ့မထားသင့်ပါဘူး။ ဟင်းသီးဟင်းရွက်က ကယ်လိုရီတွေကို လျော့ချပေးပြီး သင့်ကျန်းမာရေးကိုအလုံးစုံကောင်းမွန်စေနိုင်ပါတယ်။ သင်အလေးချိန်လျော့ချတဲ့အခါ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းက ပိုအကျိုးသက်ရောက်စေပါတယ်...။

ပန်းဂေါ်ဖီစိမ်း
     ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်နဲ့ အန်တီအောက်စီဒန့်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

မုန်လာဥနီ

     မုန်လာဥနီမှာ ဗီတာမင်အေကြွယ်ဝစွာပါဝင်တာကြောင့် မျက်စိ နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။

ကန်စွန်းဥ

     ကန်စွန်းဥမှာ သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး၊ ဗီတာမင်အေနဲ့ဗီတာမင်စီဓာတ်တွေပါဝင်တာကြောင့် ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။