ထိုင်းစတိုင် ဝက်သားပင်စိမ်းအစပ်ကြော်

ဒီတစ်ခါမှာတော့ ဝက်ပင်စိမ်းလေးနဲ့ စပ်စပ်လေးကြော်စားကြည့်ရအောင်...။ ထိုင်းအစားအစာတွေကြိုက်တဲ့သူတွေအတွက်တော့ အလွယ်တကူကြော်စားနိုင်မယ့် ဟင်းလျာတစ်မျိုးပါပဲနော်

Photo Credit - cookpad.com

ပါဝင်ပစ္စည်း

ဝက်သား - ၃၀ ကျပ်သား

ပင်စိမ်း - ၁ စည်း

ငရုတ်သီး - ၄ တောင့်

ကြက်သွန်နီ - ၁ လုံး

ကြက်သွန်ဖြူ - ၄ မွှာ

နနွင်းမှုန့် - အနည်းငယ်

ချင်း - အနည်းငယ်

ငံပြာရည် - လက်ဖက်စားဇွန်း ၂ ဇွန်း

အရသာမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း

ဆား - အနည်းငယ် 

Photo Credit - pinterest 

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဦးဆုံး ဝက်သားကိုရေဆေးပြီး နူတ်နူတ်စင်းကာ ဆား၊ နနွင်း၊ ချင်းအရည်ညှစ်ထားတာနဲ့ နယ်ထားပါ။

- ပြီးရင် ဆီအနည်းငယ်နဲ့ ဝက်သားကိုတင်းရုံကြော်ထားပေးပါ။ ငရုတ်သီးကို ဓါးပြားရိုက်ထားပါ။

Photo Credit - ladyhomechef

- ပင်စိမ်းရွက်တွေကို သင်ထားပါ။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို လှီးထားပါ။

- ဒယ်အိုးထဲမှာ ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးတွေကို ဆီသတ်ပါ။

Photo Credit - XLBCR

- ပြီးရင် ဝက်သားထည့်ပြီး အရသာမှုန့်၊ ငံပြာရည်ထည့်ပြီး အရသာလိုသလိုစပ်ပါ။ 

- မိနစ်အနည်းငယ်ထပ်ကြော်ပြီး အနံ့လည်းမွှေးလာပြီဆိုရင်တော့ ပင်စိမ်းရွက်ထည့်ပြီးကြော်ကာ အိုးကနေချလို့ရပါပြီ။

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။