ဘန်ကောက်ဆန္ဒပြပွဲကို ရေအမြှောက်သုံးပြီး ဖြိုခွဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘုရင်စနစ်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေအမြှောက်တွေနဲ့  လူစုခွဲနှိမ်နှင်းခဲ့ပါတယ်။


ဘန်ကောက်မြို့လယ်က စျေးဝယ်စင်တာတွေရှိတဲ့ နေရာမှာ ဆန္ဒပြသူ ၂၀၀၀ လောက်စုဝေးပြီး ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ အော်ဟစ် ခဲ့ကြပါတယ်။


လူစုလူဝေးမလုပ်ဖို့ ထုတ်ပြန်ထားတဲ့ အရေးပေါ် ဥပဒေကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေ ၂ရက်ဆက်တိုက် ဖြစ်ပွားနေချိန်မှာ အခုလို ရဲက မီးသတ်ပိုက် အသုံးပြုပြီး လူစုခွဲခဲ့တာဖြစ်ပါတယ်။ လူအုပ်ကြီးက မီးသတ်ပိုက်ရန်ကို ထီးတွေအသုံးပြုပြီး ကာက့်ယ်ခဲ့ကြပါတယ်။


လူအုပ်ကြီးနဲ့ မလှမ်းမကမ်းမှာတော့ တခြား ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ တွေကို ထွက်သွားဖို့ ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံတော် သီချင်းကိုလည်း သီဆိုခဲ့ကြပါတယ်။ သောကြာနေ့ည ရုန်းရင်းဆန်ခတ် ဖြစ်မှုမှာရဲအရာရှိ ၄ ယောက်နဲ့ ဆန္ဒပြသူ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။


အခု ထိုင်းနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို မျိုးဆက်သစ်လူငယ်တွေက သည်းခံတော့မှာ မဟုတ်ဘူးလို့ ဆန္ဒပြ ကျောင်းသား Pim က AFP သတင်းကို အစောပိုင်းက ပြောပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲခဲ့ပေမဲ့ ဆန္ဒပြသူ အတော်များများက ထပ်ပြီးဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်လို့ပြောပါတယ်။


#WeMedia #ဘန်ကောက်ဆန္ဒပြပွဲ #ထိုင်း

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။