Oneplus 8T မှာ ဘာတွေထူးခြားလာသလဲ

ကွာလတီ စမတ်ဖုန်းတွေ ထုတ်လုပ်နေတဲ့ Oneplus က Oneplus Nord အပြီး Oneplus 8T ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။ ဘက်ထရီက 4500 mAh ဖြစ်ပေမယ့် အားသွင်းမြန်စနစ်ပါလို့ ၁၅ မိနစ်အတွင်း အား ၁၀၀ ပြည့်ပါတယ်။ Oneplus ဖုန်းတွေထဲမှာ ပထမဆုံး Fast Charging ပါတဲ့ဖုန်းလို့ပြောရင်ရပါတယ်။ Snapdragon 865 ပါဝင်ပြီး 5G ရတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Main ကင်မရာကတော့ 48 mp ကင်မရာဖြစ်ပါတယ်။ အရောင် အနေနဲ့ အဏ္ဍဝာစိမ်းနဲ့ ငွေရောင်ရရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားက 6.55" ရှိပြီး AMOLED Screen အမျိုးအစားဖြစ်ပါတယ်။ အရောင်နဲ့ပတ်သက်လာရင် အထူးဦးစားပေးထားတယ်လို့ Oneplus ကပြောပါတယ်။  Display က 120 hz ဖြစ်လို့ Smooth ဖြစ်တယ်လို့ဆိုရမှာပါ။ Game ကစားတဲ့အခါအပူချိန်ကို လျော့ချဖို့ Cooling စနစ်လည်းပါဝင်ပါတယ်။ RAM အနေနဲ့ 8 gb နဲ့ 16 gb နှစ်မျိုးထွက်ရှိမှာဖြစ်ပါတယ်။ အသံစနစ်အတွက် Dolby စနစ်ကို အသုံးပြုထားပါတယ်။ စျေးနှုန်းအနေနဲ့ မြန်မာငွေ ၉သိန်း ဝန်းကျင်ရှိပါတယ်။




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။