လူမျက်နှာနဲ့ ပုံစံတူ 3D မျက်နှာဖုံးတွေ ပြုလုပ်ရောင်းချမယ့် ဂျပန်ကုမ္ပဏီ

နည်းပညာတိုးတက်တာ ကောင်းပေမယ့် တချို့နည်းပညာတွေက အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဂျပန်ကုမ္ပဏီ Kamenya Omote ရဲ့ ထုတ်ကုန်သစ် တစ်ခုက လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ သူ့ရဲ့ ထုတ်ကုန်က လူမျက်နှာနဲ့ချွတ်စွပ်တူတဲ့ မျက်နှာဖုံးတွေထုတ်တာဖြစ်ပါတယ်။


အရင်တုန်းက Kamenya Omote ဟာ တိရစ္ဆာန်နဲ့ ဂျပန်ဇာတ်ကောင်တွေကိုသာ ပြုလုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ နောက်ပိုင်းမှာ 3D နည်းပညာထွန်းကားလာပြီး လူမျက်နှာပုံစံနဲ့တူတဲ့ မျက်နှာဖုံးတွေကို ပြုလုပ်လာတာဖြစ်ပါတယ်။ အဲဒီမျက်နှာဖုံးကို Hyper Realistic Face Mask လို့ခေါ်ပါတယ်။ 


"That Project"လို့အမည်ပေးထားတဲ့ မျက်နှာဖုံးကို ဓာတ်ပုံပေါင်းများစွာ၊ 3D ပုံရိပ်ပေါင်းများစွာကို လက်မှုပညာနဲ့ပေါင်းစပ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ခုမှစမ်းသပ်ဆဲအဆင့်သာရှိသေးလို့ မျက်နှာဖုံးအမြောက်အများမထုတ်နိုင်သေးဘူးလို့ Kamenya ကဆိုပါတယ်။ လောလောဆယ် တိုကျိုက လူတွေကိုအဓိကပြုလုပ်ပေးနေပြီး အလုပ်လာအပ်သူမျက်နှာကလွဲပြီး တခြားလူမျက်နှာ မလုပ်ပေးသေးဘူးလို့သိရပါတယ်။ 


မျက်နှာဖုံးတစ်ခုကို ၁၂သိန်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။ Amayen ကပြုလုပ်ထားတဲ့ မျက်နှာဖုံးဟာ လူမျက်နှာနဲ့ တူလွန်းတာကြောင့် ဒုစရိုက်သမားတွေလက်ထဲကို ရောက်မှာကို လူတချို့က စိုးရိမ်နေကြပါတယ်။

Ref - Greedy

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။