၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲ

Georgia မှာ ဘိုင်ဒန် မဲအရေအတွက်တိုးလာ 

မြန်မာစံတော်ချိန် ည ၇း၀၀

ထရန့် ဦးဆောင်​​နေတဲ့ Georgia မှာ ဘိုင်ဒန်ရဲ့ မဲတွေ ကပ်လိုက်လာပါပြီ။ ခုဆိုတော့ Georgia မှာ ထရန့်နဲ့ ဘိုင်ဒန် ၁၈၀၀၀ လောက်ပဲကွာပါတော့တယ်။ Georgia မဲရေတွက်မှုကလည်း ၉၈ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ အမေရိကန် Georgia ပြည်နယ်မှာ မနက် ၇း၃၀ ရှိပါပြီ။ မဲရေတွက်မှုတွေကို မနက် ၇း၀၀ ကတည်းက ပြန်လုပ်နေပါတယ်။ ထရန့်ဘက်ကတော့ ကြိုတင်မဲမသမာမှုတွေ ရှိတယ်ဆိုပြီး တရားစွဲဖို့ပြင်ဆင်နေပါတယ်။ အကြိတ်အနယ်ဆက်လက်ယှဥ်ပြိုင်နေဆဲဖြစ်ပါတယ်။


အစိုးရဖွဲ့ရန် ဘိုင်ဒန် website ထောင်

မဲတွေရေတွက်ဆဲ ဖြစ်ပေမယ့် အသာစီးရနေတဲ့ ဘိုင်ဒန်က အစိုးရဖွဲ့ဖို့ ခြေလှမ်းအဖြစ် ဝက်ဘ်ဆိုက်ဒ်တစ်ခုကို လွှင့်တင်လိုက်ပါတယ်။ ကပ်ရောဂါကာလအတွင်း အမြန်ဆုံး အာဏာလွှဲပြောင်းယူနေပြီလို့ ဘိုင်ဒန်က ပြောပါတယ်။

Arizona မဲရုံတွေမှာ ထရန့်ထောက်ခံသူတွေ ဆန္ဒပြ

မဲတွေရေတွက်ဖို့ ကျန်နေသေးတဲ့ Arizona ပြည်နယ်က မဲရုံတွေကို ထရန့်ထောက်ခံသူတွေက "မဲတွေ ပြန်တွက်ပေး" ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။ Arizona ပြည်နယ်ရဲ့ မဲရုံတချို့မှာ ကြိုတင်မဲစာအိတ်တွေကို လွှင့်ပစ်ထားတယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

နံနက် ၁၀း၃၀
Arizona ပြည်နယ်အတွင်းရေးမှူး ကေတီဟော့က ပြည်နယ်တွင်းမဲရေတွက်မှု ၆၀၀၀၀၀ ကျော် ကျန်နေပြီး ကြိုတင်မဲ ၃သိန်း ကျော်ကျန်နေသေးတယ်လို့ပြောပါတယ်။ ထရန့်အကြံပေးအရာရှိက Arizona ပြည်နယ်ရဲ့ ရလဒ်တွေက သူတို့ဘက်မှာရှိပြီး Georgia ပြည်နယ်အတွက်ရင်ခုန်နေတယ်လို့ ပြောပါတယ်။

ဇာတ်ရှိန်တက်လာပြီ 
နံနက် ၁၀ နာရီ
အမေရိကန်ရွေးကောက်ပွဲရဲ့ ဇာတ်ရှိန်အမြင့်ဆုံး နေရရာကို ရောက်လာပါပြီ။ ဘိုင်ဒန်အနိုင်ရထားတဲ့ Arizona မှာ မဲ ၅၁၅၀၀၀ ရေတွက်ဖို့ ကျန်ပါသေးတယ်လို့ ကော်မရှင်ကပြောပါတယ်။ Fox News, NYT နဲ့ AP သတင်းဌာနတွေက Arizona မှာ ဘိုင်ဒန်အနိုင်ရပြီလို့ဆိုပေမယ့် CNN မှာတော့ ကြေညာခြင်းမပြုသေးပါဘူး။ မဲတွေမှားယွင်းဖော်ပြမိတာကိုလည်း New York Times သတင်းထောက်က ဝန်ခံထားပါတယ်။ ထရန့်ထေက်ခံသူ Arizona မြို့တော်ဝန် Dong Duncey က မဲစာရင်းကြေညာဖို့ စောပါသေးတယ်လို့ပြောပါတယ်။


နံနက် ၈း၀၀ နာရီ 
ဂျိုးလ်ဘိုင်ဒန် သမ္မတဖြစ်ဖို့ လက်တစ်ကမ်းအလို
အရေးပါတဲ့ Machican ပြည်နယ်နဲ့ Wisconcin ပြည်နယ်တွေမှာ ဒီမိုကရက်တစ် သမ္မတ​​လောင်း ဘိုင်ဒန်အနိုင်ရသွားတာကြောင့် အမေရိကန်သမ္မတဖြစ်ဖို့ အလားအလာကောင်းသွားပါပြီ။ Nevada ပြည်နယ်မှာသာ အနိုင်ရသွားရင် အမေရိကန် သမ္မတဖြစ်ပါပြီ။ သမ္မတထရန့်အတွက်ကတော့ Nevada, Georgia,North Calrolina နဲ့ Pennsylvania ပြည်နယ်ရလဒ်တွေကို ဆက်လက်စောင့်ကြည့်ဖို့လိုပါသေးတယ်။ မဲရလဒ်တွေကို နာရီပိုင်းအတွင်း သိရပါလိမ့်မယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။