အသက်(၂၂)နှစ်အရွယ်အမျိုးသမီးအားဆရာဝန်နှင့်ဝန်ထမ်းများမှမတရားပြုကျင့်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံရှိ ဆေးရုံတစ်ရုံတွင် အသက်(၂၀)အရွယ် လူနာအမျိုးသမီးအား ဆရာဝန် နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းအချို့မှ အုပ်စုလိုက်မတရားကျင့်မှုဖြစ်ပွား၊ ဆရာဝန်ထွက်ပြေးတိမ်းရှောင်နေ

အိန္ဒိယနိုင်ငံ၊ အက်တာပရာဒေ့ရှ်ပြည်နယ်၊ မာဂျဟန်ပူးရ် ဒေသရှိ ဆေးရုံတစ်ရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော အသက်(၂၀)အရွယ်အမျိုးသမီးတစ်ဦးအား ဆရာဝန် နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းအချို့မှ အုပ်စုလိုက်မတရားကျင့်မှုတစ်ခုဖြစ်ပွားခဲ့သည်။


photo - timesofindia.com

အုပ်စုလိုက်တိုက်ခိုက်မှုအတွင်း သားကောင်ဖြစ်ခဲ့သော မိန်းကလေးမှာ မိဘများအား ထိုဖြစ်ရပ်ကိုပြောဆိုခဲ့ပြီး မကြာမီတွင်ကွယ်လွန်ခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် အက်တာပရာဒေ့ရှ် နှင့် ပြည်နယ်အချို့တွင် လူထုမှ အမျက်ဒေါသဖြစ်ခဲ့ပြီး တရားခံများကို အမြန်စုံစမ်းဖော်ထုတ်ရန် ဆန္ဒပြခဲ့ကြသည်။


photo - dailymail.co.uk

အသက်(၂၀)အရွယ် အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူဖြစ်ပြီး ခိုရတ်ချ် ဒေသမှ ဆေးရုံသို့လာရောက်ကုသမှုခံနေသူဖြစ်သည်။ လက်ရှိတွင် အက်တာပရာဒေ့ရှ်ပြည်နယ်၊ ကွန်ရှမ်ဘီရှိ အကြီးတန်းခရိုင်အရာရှိတစ်ဦးက အဆိုပါတရားခံများကို အရေးယူမည်ဟု ကတိပြုခဲ့ပြီး ဆေးရုံကို ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခဲ့သည်။

ရဲများက အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေပြီဖြစ်သော်လည်း တရားခံဟု ယူဆရသူ ဆရာဝန် နှင့် အပေါင်းအပါများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။


photo - humanrightsindia

အန္ဒိယနိုင်ငံတွင် နေ့စဉ် မတရားကျင့်မှုပေါင်း ၉၀ အထိရှိနေသည်ဟု မွမ်ဘိုင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများသည် ပစ်မှတ်ထားခံနေရသော သားကောင်များဖြစ်နေပြီး ထိုအချက်ကို လွန်ခဲ့သော ၂၀၁၂ က တက္ကသိုလ်ကျောင်းသူ ဂျိုတီဆင်း (Jyoti Singh) ကို ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့မတရားကျင့်ပြီး ကျုးလွန်သတ်ဖြတ်ခဲ့သောဖြစ်ရပ် ကသက်သေပြလျှက်ရှိသည်။ ပြီးခဲ့သော အပတ်က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ရောက်လာသော အသက်(၂၁)နှစ်အရွယ်အမျိုးသမီးတစ်ဦးကို အနီးကပ်ပြုစုကြပ်မတ်ရေးစင်တာလုပ်သားမှ မတရားကျင့်မှုဖြစ်ပွားခဲ့ပြီး နောက်ထပ် ကြောက်စရာဖြစ်ရပ်တစ်ခုမှာ အသက် ၁၇ နှစ်အရွယ်မိန်းကလေးတစ်ဦးကို အိမ်မှထွက်ပြေးမှုဖြင့် လယ်တောအိမ်ထဲတွင် ၂၂ ရက်ကြာ ဝိုင်းဝန်းမတရားပြုကျင့်ခဲ့သော ဖြစ်ရပ်လည်းဖြစ်ပွားခဲ့သည်။

Gabriel (Content Writer)
WE Media
Ref - Dailymail.co.uk
Original Link - https://www.dailymail.co.uk/news/article-8908857/Hospital-patient-20-gang-raped-doctor-medical-staff-murdered-India.html?fbclid=IwAR1z0PXMIvqcqu34vXmZEtJdGohAwaLebfoc4MjBW7ilq_zXegik4HSCMr0

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။