ကမ္ဘာ့ဈေးအကြီးဆုံး Wedding Cake…

     မင်္ဂလာဆောင်တစ်ခုမှာ သတို့သားနဲ့ သတို့သမီးရဲ့အဝတ်အစား၊ မင်္ဂလာလက်စွပ်တွေကို အားလုံးကအကောင်းစားတွေကြီးပဲ လုပ်ချင်ကြတာပါ…။ မိန်းကလေးတွေအနေနဲ့ တစ်သက်မှာတစ်ခါသာလုပ်ရတဲ့ မင်္ဂလာပွဲမှာ အကောင်းဆုံး၊ အလှဆုံးမင်္ဂလာဝတ်စုံနဲ့အတူ Wedding Cake တွေကိုလည်း လှလှလေးတွေပြင်ပြီး သတို့သားနဲ့တူတူ Wedding Cake ကိုခွဲချင်ကြပါတယ်…။ဒီလိုအခါမှာတစ်ချို့ကတော့ Wedding Cake ကိုလှယုံလောက်လေးလုပ်တတ်ကြပေမယ့် နိုင်ငံခြားမှာရှိတဲ့ နာမည်ကြီး celebrities တွေကတော့ မင်္ဂလာဝတ်စုံ၊ မင်္ဂလာလက်စွပ်သာမက Wedding Cake ကိုပါဈေးကြီးပေးပြီးလုပ်ကြပါတယ်…။Wedding Cake တွေမှာ ထောင်ချီတဲ့ပန်းတွေ၊ ရတနာတွေကိုတပ်ဆင်ထားတာတွေကြောင့် ဈေးကြီးနေကြတာပါ။ ဒီတော့ သူတို့ဈေးကြီးပေးပြီးလုပ်ထားတဲ့ Wedding Cake တွေကိုကြည့်လိုက်ကြရအောင်…

- $11,000
     နိုဝင်ဘာ ၂ဝဝဝခုနှစ်တုန်းက Michael Douglas နဲ့ Catherine Zeta-Jones တို့က New York မှာရှိတဲ့ Plaza Hotel မှာ လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။ မင်္ဂလာခန်းမရဲ့အလယ်မှာ အဆင့်၁ဝဆင့်ရှိတဲ့ ဗနီလာနဲ့ ထောပတ်ခရင်မ်တို့နဲ့ပြုလုပ်ထားတဲ့ Wedding Cake ဟာ ဒေါ်လာရဝဝဝ တန်ဖိုးရှိပါတယ်။ ဒီ Wedding Cake ဟာဆိုရင် ၆ပေ အမြင့်ရှိပြီး သကြားနဲ့ ပြုလုပ်ထားတဲ့ပန်းပွင့်တွေကို ထောင်ချီပြီးတပ်ထားပါတယ်…။Sylvia Weinstock ဆိုသူက ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ $11,000 တန်တယ်လို့ဆိုပါတယ်။



- $ 20,000

     Kim Kardashian နဲ့ Kris Humphries တို့ကျင်းပခဲ့တဲ့မင်္ဂလာဧည့်ခံပွဲမှာ ၈ဆင့်ရှိတဲ့ Wedding Cake နဲ့ကျင်းပခဲ့ပါတယ်။ အလေးချိန်အားဖြင့် ပေါင်၆၀၀ နီးပါးခန့်ရှိပြီး ချောကလက်နဲ့ ပြုလုပ်ထားပြီး ထောပတ်ခရင်မ်နဲ့ အလှဆင်ထားပါတယ်။ Cake ကို အဆင့်တစ်ခုစီ အဖြူအမည်းသုံးသွားလို့ Cake လေးကခေတ်ဆန်ပြီး လှပနေပါတယ်…။

- $52.7 Million
     ၂၀၁၃ National Gay Wedding Show တုန်းက ပြုလုပ်ခဲ့တဲ့ Cake ပဲဖြစ်ပါတယ်။ ဒီ Cake ဟာဆိုရင် ၈ဆင့်ရှိပြီး စိန်၄ဝဝဝ နဲ့အလှဆင်ထားပါတယ်။ ကိတ်မုန့်တစ်ခုလုံးလုံးဟာ တစ်လက်လက်တောက်နေပြီး အရမ်းကိုလှပပါတယ်…။